Chapter《94》

13.2K 2.1K 58
                                    

Unicode

အခန်း(၉၄) - အငယ်လေးက ကျင်းယွမ်ကို ကြိုက်နေတာဖြစ်လိမ့်မယ်

ယန်က အဖေအား အမေ့ကို အိမ်ပြန်ခေါ်သွားဖို့ ပြောနေရင်း သူ့အဖေကို သူ့ညီလေးရဲ့လက်အား ကြည့်ရန် ဆက်တိုက်အချက်ပြနေသည်။ ဖုရဲန်က ယန်ရဲ့အကြည့်နောက် လိုက်ကြည့်လိုက်သည်။ သူမြင်လိုက်တာနဲ့ တစ်ပြိုင်နက် အလျင်စလို ပြောလိုက်၏။

"ကလေးတွေပြောတာမှန်တယ်, မင်းပင်ပန်းနေလောက်ပြီ, အရင်အိမ်ပြန်လိုက်ကြတာပေါ့, ကျင်းယွမ်က ဟန်ဟန်ကို အရမ်းနှစ်သက်တာပဲဟာ, ကိုယ်တို့သားကို ကျင်းယွမ်က ဂရုမစိုက်မှာကို စိတ်ပူနေတာလား?"

ဖုရဲန်က သူ့ဇနီးသည်အား စကားပြောရင်းဖြင့်ပင် အခန်းအပြင် တွန်းထုတ်နေသည်။ ထို့နောက် သူမရဲ့ နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။

"အိမ်အရင်ပြန်ကြမယ်, ကိုယ်မင်းကို ပြောစရာရှိတယ်"

အမေက မသက်မသာ ခံစားနေရဆဲ ဖြစ်သော်လည်း သူမခင်ပွန်းသည်ရဲ့ အလေးအနက် မျက်လုံးကို မြင်နေရတာကြောင့် တိတ်တဆိတ်သာ နေလိုက်ပြီး သူ့နောက်လိုက်ပါသွားတော့လေသည်။

ရွှယ်ချင်းနဲ့ယန်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"သူတို့ကို လိုက်ပို့လိုက်ဦးမယ်နော်" သူမက ပြောရင်းဖြင့် ထျန်းယောင်အား သူမနဲ့အတူ ဆွဲခေါ်ကာ ယန်က နောက်ကလိုက်ပါသွားသည်။

အခုတော့ အခန်းထဲမှာ ကျင်းယွမ်နှင့် ရိဟန်တို့သာ ကျန်ရစ်သည်။ ရိဟန်က ကျင်းယွမ်အား ခဏလောက်ထိ တိတ်တဆိတ် စိုက်ကြည့်နေပြီးမှ တစ်ဖက်လူရဲ့ လက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။

"ကျင်းယွမ်, မင်းရောက်လာတာ ငါအရမ်းပျော်တာပဲ" သူက နူးညံ့ညင်သာတဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။

ကျင်းယွမ်သည် နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲနေသည်မှာ ကြွက်တတ်တော့မလိုပင်။ သူ့ရဲ့ လွတ်နေတဲ့ လက်တစ်ဖက်ဖြင့် ရိဟန်ရဲ့ ပါးပြင်နုနုလေးကို ပွတ်သပ်လိုက်သည်။

"ပျော်တာလား? မင်းက အရမ်းဆိုးဆိုးဝါးဝါး ထိခိုက်သွားရတာလေ, မင်းကိုယ့်ကို ကြောက်အောင်လုပ်လိုက်တာ, အခုချိန်ထိ, မင်းကိုဘယ်လိုရှာတွေ့ခဲ့လဲ စဉ်းစားမိယုံနဲ့တင် ကိုယ့်ခြေထောက်တွေ အားနည်းသွားတယ်, အကုန်ကိုယ့်အမှားပါ, ကိုယ်မင်းကို သေသေချာချာ မကာကွယ်နိုင်ခဲ့ဘူး, ကိုယ့်စောင့်ကြည့်မှု အောက်မှာပဲ မင်းထိခိုက်သွားရတယ်"

(Completed) Reborn as a good childWhere stories live. Discover now