Chapter《113》

10.3K 1.7K 33
                                    

Unicode

အခန်း(၁၁၃) - ခေါင်းစဉ်မရှိ

ထျန်းယောင်ရဲ့ ခြေထောက်ကျိုးသွားမှုကြောင့် ခွဲခန်းထဲ ပို့ရသည့်သူ နောက်တစ်ယောက် ရှိသွားရသည်။ သို့သော်လည်း ခွဲစိတ်ခန်းတံခါးဝ ရောက်နေတာတောင် ဆရာဝန်များကို တစ်တွတ်တွတ် ပြောနေသည့် ထျန်းယောင်ရဲ့ အသံကို ကြားနေရဆဲပင်။

"ရွှယ်ချင်းရဲ့ ဒဏ်ရာတွေကို ကုပေးဖို့ ဆရာဝန်စီစဉ်ပေးပါဦး" သူကပြောနေသည်။

"သူမ ဒူးခေါင်းက ပွန်းသွားတယ်, အခုထိ သွေးထွက်နေတုန်းပဲ...."

ရွှယ်ချင်းကတော့ ဆွံ့အသွားမိသည်သာ။ သူမအနေနဲ့ ဘာမှမလုပ်နိုင်တော့ပဲ သူနာပြုဆရာမလေးက သူမရဲ့ ဒဏ်ရာကို ကုသပေးသည်ကိုသာ လိမ်လိမ်မာမာ ခံယူလိုက်ရတော့သည်။

သူနာပြုရဲ့ ကုသမှု ပြီးတဲ့အချိန်မှာ ဖုရဲန်နဲ့ ယန်တို့က ဆေးရုံသို့ရောက်လာကြ၏။

"ရိဟန်ဘယ်လိုနေသေးလဲ?" အမျိုးသားနှစ်ယောက်က ရောက်လာလာခြင်းပင် အရူးအမူးမေးကြသည်။

"ဘာတွေဖြစ်သွားတာလဲ?"

ကျင်းယွမ်ကတော့ သူ့ခေါင်းကို လက်နဲ့အုပ်ရင်း ဆက်လက် တိတ်ဆိတ်နေသည်။

"သမီးကိုဒီနေ့ တစ်စုံတစ်ယောက်က ကားနဲ့တိုက်ဖို့လုပ်တာ" ရွှယ်ချင်းရဲ့ စိတ်ဓာတ်ကျဝမ်းနည်းနေသည့် အသံထွက်လာသည်။

"အငယ်လေးက အဲ့ဒီကားကို ပြေးဝင်ပြီး တိုက်လိုက်တာ, အဲ့ဒါက သမီးအသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ, ရိဟန်က ခေါင်းထိသွားပြီး အခုထိ အထဲမှာပဲ ရှိနေသေးတယ်, ဆရာဝန်ကတော့ သူအန္တာရယ်ကင်းတယ်ပြောတယ်"

ပိုင်ယန်က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

"နင်ရောဘယ်လိုနေလဲ?" သူကဆက်မေးသည်။

"ထိသွားသေးလား?"

"ညီမက အဆင်ပြေတယ်" သူမက နှဖူးအား နှိပ်နယ်ရင်းဖြင့် ပြန်ဖြေ၏။

"ဒါပေမဲ့ ထျန်းယောင်က ညီမကို ကယ်ရင်း ခြေထောက်ကျိုးသွားတယ်, သူလည်း ဟိုဘက်က ခွဲခန်းထဲမှာရှိတယ်"

(Completed) Reborn as a good childWhere stories live. Discover now