Chapter《149》

7.9K 1.2K 132
                                    

Unicode

အခန်း(၁၄၉) - အကြီးအကျယ် နားလည်မှု လွဲနေပြီ

ရိဟန်က ကျင်းယွမ်ကို လုံးဝမကြောက်ပေ။ သူတို့က အကြောင်းအရာကို ဒီအခြေအနေထိ ရောက်ပြီးနေကြပြီပဲ, ထပ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူး။ ထိုဆိုးဝါးလှတဲ့ နေ့များကို ပြန်စဉ်းစားမိတော့ သူ့မျက်လုံးများ နီရဲလာတော့သည်။

"နောက်ဆုံးတစ်ခေါက်က ဒေါက်တာကျိုးငါ့ကို လာစစ်ဆေးတုန်းက မင်းတို့အားလုံး စာကြည့်ခန်းထဲမှာပုန်းပြီး အဲ့ဒီအကြောင်း ပြောနေကြတာလေ, ငါက မင်းကို ရှာဖို့ အခန်းထဲက ထွက်လာခဲ့တာ, မင်းတို့ပြောနေတာတွေကို ငါ မတော်တဆ ကြားခဲ့ရတယ်, ကျင်းယွမ် အဲ့ဒီနေ့က ငါ့ဘဝကို အဆုံးသတ်လိုက်ဖို့ ဘယ်လောက်တောင် ဆန္ဒရှိခဲ့လဲ, အခန်းထဲက ထွက်လာမိတဲ့ အချိန်လေးမှာပဲ ရပ်တန့်ခဲ့မိဖို့ ဘယ်လောက်တောင် ဆုတောင်းခဲ့ရလဲ အဲ့ဒါမှသာ မင်းတို့ရဲ့ 'ကုသခြင်း' ဆိုတဲ့အကြောင်းကို ဘယ်တော့မှ မသိခဲ့မှာ!"

ကျင်းယွမ်က ရိဟန်အား ပွေ့ဖက်ရန် ရှေ့တိုးလာခဲ့သည်။ တစ်ဖက်သားရဲ့ ရုန်းကန်မှုကို ဂရုမစိုက်ပဲ ကျင်းယွမ်က ရိဟန်အား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထား၏။

"ဟန်ဟန်, မင်းက ကိုယ်တို့စကားစပြောခါစ အချိန်ကို ရောက်လာခဲ့တာ ဖြစ်လိမ့်မယ်, မင်းကိုယ့်ကို ယုံပေးပါ...မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်က ဘယ်တုန်းကမှ မလိမ်ညာခဲ့ဘူး၊ ဘယ်အချိန်ကစခဲ့လဲ မသိပေမယ့် မင်းကို ကိုယ်တစ်ကယ်ချစ်တာ, ကိုယ်မင်းကို ချစ်ခဲ့တဲ့အချိန်ကာလက ရွှယ်ချင်းနဲ့ သဘောတူညီချက် မလုပ်ခင်၊ မင်းထောင်ချီနဲ့ မတွဲခင်ကတည်းကပဲ, ရွှယ်ချင်းရဲ့ အကြံပြုချက်ကို ကိုယ်ဘာကြောင့် သဘောတူညီခဲ့မိလဲ သိရဲ့လား? ကိုယ်တို့နှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်လို့, ဒါက ဒီအတိုင်း နာမည်ခံ စေ့စပ်တာပဲလေ ဘာများအရေးကြီးဦးမှာလဲ? ဟန်ဟန်, မင်းကိုယ့်ကို ဒီလိုမျိုး သံသယဝင်လို့မရဘူး, မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်ကို ခံစားလို့မရဘူးလား?"

ရိဟန်က ရုန်းကနေပေမယ့်လည်း အရာမဝင်ပေ

"ကျင်းယွမ်, ကြည့်ဦး" သူက ခြေကုန်လက်ပမ်း ကျစွာဖြင့် သက်ပြင်းချ၏။

(Completed) Reborn as a good childWhere stories live. Discover now