Chapter《125》

9.7K 1.5K 29
                                    

Unicode

အခန်း(၁၂၅) - သူ့ကို မျှော်လင့်ချက် မပေးနဲ့

"မင်းအကိုသာ သူ့ကို မိန်းမတစ်ယောက်နဲ့ နှိုင်းယှဉ်မှန်း သိသွားရင် ဒေါသထွက်လွန်းလို့ မေ့လဲလိမ့်မယ်" ကျောင်းဟွာက ရယ်မောမိလေသည်။

"မေ့ပါစေပေါ့!" ရိဟန်က မျက်မှောင်ကြုတ်နေဆဲဖြင့်ပင် ပြောလာသည်။

"ကျောင်းကော, အကယ်၍ ဆိုတဲ့အရာတွေကို စဉ်းစားမနေနဲ့, သူဘာစဉ်းစားနေလဲ ဆိုတာ ကျွန်တော့်ကို အရင်ဆုံး စုံစမ်းခွင့်ပေး, ဖြစ်နိုင်တာ အကိုက သူ့ပစ်မှတ် မဟုတ်လောက်ဘူး, ကျွန်တော်ဖုန်းခေါ်တာကိုသာ စောင့်နော်"

သို့သော်လည်း ကျောင်းဟွာမှာ ရိဟန်ရဲ့ အာမခံချက်ကြောင့် စိတ်မသက်သာသွားပေ။

"မင်းငါ့ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး, သူက ငါ့ကို တစ်ခုခု ဆန့်ကျင်နေတယ်ဆိုတာ ရှင်းနေတာပဲဟာ, ငါမှားတာ မဖြစ်နိုင်ဘူး, ငါမင်းကို ဥပမာတစ်ခု ပြောပြမယ်, သူ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုတဲ့အချိန် ခဏလောက် ပြုံးနေတာမျိုး ရှိလိမ့်မယ် ဒါပေမဲ့ ငါ့ကိုမြင်လိုက်တာနဲ့ သူ့မျက်နှာက ချက်ချင်း မဲမှောင်သွားတော့တာပဲ" သူက လှောင်ရယ် ရယ်လိုက်သည်။

"ဒါပေမဲ့ ကောင်းပါတယ်, ငါအားလုံး စဉ်းစားပြီးသွားပြီ, သူနဲ့ တစ်စုံတစ်ခုဖြစ်ဖို့အတွက် ရည်ရွယ်ထားတာမျိုးမှ မရှိတာ, အကယ်၍ သူငါ့ကို အလုပ်ဖြုတ်လိုက်ရင်တောင် ဒီမြို့ထဲမှာ နေနိုင်သ၍ သူနဲ့ နီးစပ်နေနိုင်မှာပဲ, ငါတို့ တစ်ယောက်နဲ့တစ်ယောက်တောင် မကြာခဏ မြင်နိုင်ဦးမယ်, အကယ်၍ ငါတို့မတွေ့နိုင်ဘူး ဆိုရင်လည်း အဲ့ဒါက အကျိုးအမြတ်ရှိတာပါပဲ, အချင်းချင်း မတွေ့ရဘူးဆိုရင် ငါ့နှလုံးသားလည်း ပိုငြိမ်းချမ်းလာမှာပေါ့, အနည်းဆုံးတော့ သူမင်္ဂလာဆောင်ပြီး ကလေးတွေ ရှိလာတာကို ကြည့်နေစရာ မလိုတော့ဘူး, ငါ့နှလုံးသားထဲမှာ အမြဲရှင်သန်နေခဲ့တဲ့ စိတ်ကူးယဉ်မှုတွေကို တစ်သက်လုံး ထိန်းသိမ်းထားရတာလည်း ဆိုးတော့မဆိုးပါဘူး"

"အကိုဘယ်လိုဖြစ်လို့ ဒီလောက်ထိ ရည်မှန်းချက် မရှိရတာလဲ?" ရိဟန်မှာ ဒေါသတကြီး ဖြစ်နေသည်။

(Completed) Reborn as a good childWhere stories live. Discover now