Chapter《117》

9.9K 1.6K 43
                                    

Unicode

အခန်း(၁၁၇) - တော်တော်လေး ရဲတင်းတယ်

ထောင်ချီပြောခဲ့တဲ့ စကားတွေကို ပြန်ကြားရတဲ့အချိန်မှာ ရိဟန်သည် သူ့ရဲ့ အေးဆေးမှုကို ဆုံးရှုံးသွားရသည်။

"သောက်ကျိုးနည်း!" သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အိပ်ယာပေါ်ကနေ ခုန်ထမိလုနီးပါးပင်။

"အဲ့ဒီမိန်းမက မင်းကို မက်မောရဲတယ်ပေါ့လေ! သူမ ဘယ်မှာလဲ? အိုး, ဟုတ်သား, သူမက ငါ့အိမ်မှာပဲ, ငါအခုချက်ချင်း သူမကို တွေ့ချင်တယ်, ဒီလိုသတ္တိမျိုး ဘယ်ကများ ရလာလဲလို့ သိချင်တာ! ဘယ်လိုများ ပိုင်ရိဟန်ရဲ့ ယောကျာ်းကို ခိုးယူဖို့ ကြိုးစားရဲရတာလဲ! သူမက သေချင်နေတာလား?ငါသွားပြီး သွားတွေအကုန် ကျွတ်ထွက်အောင် ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်ဦးမယ်!"

ကျင်းယွမ်ရဲ့ မျက်လုံးထဲမှာတော့ ရိဟန်ရဲ့ တုန့်ပြန်မှုက အလွန်အမင်း ချစ်စရာကောင်းနေသည်။ သို့သော်ငြား သူ့အနေနဲ့ ရိဟန်အား အိပ်ယာထဲသို့သာ ပြန်တွန်းထည့်ရ၏။

"စိတ်မဆိုးပါနဲ့ ဟန်ဟန်ရယ်" ကျင်းယွမ်က ပြောလာသည်။

"သူမဘာတွေ စဉ်းစားလဲဆိုတာက အရေးမကြီးပါဘူး, အခုမင်း အိမ်ပြန်လို့ မရသေးဘူးလေ, အကယ်၍ သူမကို တကယ်ပဲ တွေ့ချင်တယ်ဆိုရင် မနက်ဖြန်ထိ စောင့်လို့ရသေးတာပဲ, မင်းအခု လိုအပ်တာက အနားယူရမှာ"

"အဲ့ဒါက ဘယ်လိုလုပ် ငါနဲ့မသက်ဆိုင်ပဲ နေမှာလဲ?" ရိဟန်မှာတော့ ဒေါသတွေကြောင့် သေတော့မလိုပင် ခံစားနေရသည်။

"သူက မင်းအတွက် ငါနဲ့တိုက်ခိုက်ချင်နေတာ! တရားဝင်စုံတွဲဟုတ်လား? ဒါဆိုငါကရော? ငါကဘာလဲ? မနက်ဖြန်ထိ မစောင့်နိုင်ဘူး, သူမကို အခုပဲ သွားရိုက်မှဖြစ်မယ်!"

"ဟန်ဟန်,စိတ်လျော့" ကျင်းယွမ်က ချော့မော့ပြောသည်။ သူ့အသံက ရယ်ရမလားငိုရမလား မသိဖြစ်နေတာအား ဖိနှိပ်ရန် ထိန်းချုပ်ရလွန်းလို့ တုန်ယင်နေလေသည်။

"စိတ်မဆိုးနဲ့, ကိုယ်က အသက်ရှိနေတဲ့ လူသားတစ်ယောက်လေ, တစ်စုံတစ်ယောက်က လုယူချင်တိုင်း လုယူလို့ရတဲ့ သူတစ်ယောက် မို့လို့လား? သူမပြောသမျှကို ဟာသလို့တောင် တွေးစရာ မလိုဘူး, ကိုယ်ထင်တာတော့ သူမရဲ့ စိတ်အခြေအနေက ဂယောက်ဂယက် ဖြစ်နေသလိုပဲ"

(Completed) Reborn as a good childWhere stories live. Discover now