Chapter《67 and 68》

15.6K 2.4K 117
                                    

Unicode

အခန်း(၆၇) - ရှင်နဲ့အတူတူ အလုပ်လုပ်ရတာ ကျွန်မရဲ့ ပျော်ရွှင်မှုပါပဲ

ထျန်းယောင်က အလွန်ပီတိဖြစ်နေပြီး သူ့နှလုံးသားက ခုန်နှုန်းတွေ တိုးသွားသလိုပဲ! 

ရွှယ်ချင်းအလိုအပ်ဆုံးအချိန်မှာ တွေးမိတဲ့ ပထမဆုံးအမျိုးသားက သူတဲ့! ဒါဘာကို ဆိုလိုတာဖြစ်မလဲ? အဲ့ဒါက သူ့ကိုအရမ်း လက်ခံထားတယ်ဆိုတာပဲလေ! ဒါက သူ့အတွက်တော့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုဆိုတာ သံသယဝင်စရာတောင် မလိုဘူး...သူသာ ဒါကို အပြည့်အဝအသုံးချဖို့ ထက်မြတ်နေသ၍ သူ့နတ်သမီးလေးနဲ့ နီးကပ်လာနိုင်ဖို့က နေ့အိမ်မက်တစ်ခုထက် ပိုသွားပြီ! သူနဲ့ရွှယ်ချင်းတို့ကြားက ဆက်ဆံရေးက သမိုင်းဝင်လောက်အောင် ခုန်ပေါက်သွားလိမ့်မယ်!

သူက သူ့စိတ်ထဲက ထက်သန်နေသော ခံစားချက်များကို ဖိနှိပ်လိုက်ပြီး 'တည်ငြိမ်စွာဖြင့်' ပြောလိုက်သည်။

"သေချာပေါက် ကိုယ်ကူညီနိုင်တာပေါ့, ဘာမှပြန်လုပ်ပေးစရာ မလိုအပ်ပါဘူး, ကိုယ်တို့မိသားစုတွေက မိတ်ဆွေတွေပဲလေ ပြိးတော့ မင်းက ကိုယ်သိထားတဲ့ အမျိုးသမီးတွေထဲမှာ လေးစားဖို့ အကောင်းဆုံးသူတစ်ယောက်, မင်းမှာ အကူအညီတစ်ခုခုလိုရင် ကိုယ်က မင်းကိုကူညီပေးဖို့ အကောင်းဆုံးလုပ်မှာ, မင်းရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ရတာကလည်း ကိုယ်အတွက် ဂုဏ်ယူစရာပါပဲ"

နောက်ဆုံးတော့ ရွှယ်ချင်းရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်ပေါ်လာတော့သည်။

"ဒါဆို ကျွန်မရှင့်ကိုပဲ အားကိုးပါတယ်, အကူအညီအတွက် ကျေးဇူးအရမ်း တင်ပါတယ်နော်, ကျွန်မဒီနေ့ အိမ်ကနေ အလောတကြီး ထွက်လာတာမို့လို့ လုံလောက်တဲ့ ပြင်ဆင်မှုကိုလုပ်ဖို့ အချိန်မရခဲ့ဘူး, ပြန်ရောက်တာနဲ့ စာချုပ်အကြမ်းကို ချက်ချင်း ပို့ပေးလိုက်ပါ့မယ်, အဲ့ဒါကို အလုံးစုံ အစီအစဉ်နဲ့အတူ ပို့ပေးလိုက်မယ်, ရှင်နဲ့အတူတူ အလုပ်လုပ်ရတာ ကျွန်မရဲ့ ပျော်ရွှင်မှုပါပဲ"

သူမက မတ်တပ်ထရပ်လိုက်ပြီး သူမရဲ့ နူးညံ့သွယ်လျသော လက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်။

(Completed) Reborn as a good childWhere stories live. Discover now