Chapter《12 and 13》

16.8K 2.6K 28
                                    

Unicode

အခန်း(၁၂) - နူးညံ့ပြီးပျော့ပြောင်းတဲ့ အငယ်ဆုံးသားထွေးလေး

ရိဟန်က သူထွက်ခွာသွားခဲ့တဲ့ အချိန်ကို ရေတွက်မိသည်။ ရွှေ့ပြောင်းမယ့်သတင်းက နောက်နှစ် ဧပရယ်လောက်မှာ စတင် ထွက်လာမှာဖြစ်သည်။ တက္ကသိုလ်မှ အသုံးပြုမည့် မြေများအားလုံးသည်လည်း သူတို့ ဝယ်သွားပြီးလောက်ပြီ။ စာရွက်စာတမ်းများအားလုံးလည်း ပြီးစီးပြီး အလုပ်တွေလည်း စတင်လာကြမည်။ အဲ့ဒီလိုဆိုရင် သက်ဆိုင်ရာများက အခုချိန်လောက်မှာ အပြီးသတ်ပြီး နေလောက်ပြီလေ။

ပိုင်ရိဟန်က ခေါင်းအောက်မှာ လက်ထည့်ထားရင်း ပြန်လှဲချလိုက်သည်။ ဒီစီးပွားရေးကနေ အကျိုးအမြတ် အများကြီးရဖို့ သူမမျှော်လင့်ထားပေ။ ဒါကို တစ်ခြားသူတွေထက် သူစောပြီး သိထားတယ်ဆိုရင်တောင် သူ့ဦးနှောက်က ထိုအိမ်ခြံမြေ အကျိုးဆောင်များဆီက အစာလုရလောက်အောင် ကောင်းမနေဘူးလေ... အကယ်၍သူက တက္ကသိုလ်ဝန်းကျင်က ဆိုင်တစ်ချို့နဲ့ အိမ်တွေကို ဝယ်ထားလိုက်ရင်ရော...

အရာအားလုံးပြီးသွားရင် ငွေအနည်းငယ်လောက် ကျန်နိုင်မလား?

ပြီးတော့ ဆောက်လုပ်ရေးတွေ စတင်တာနဲ့ အဲ့ဒီမှာသူ ဆိုင်တစ်ချို့ ဝယ်ထားလို့ရမယ်... အကယ်၍သူ အဲ့ဒါတွေကို မစီမံနိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ငှားစားလို့ရတာပဲလေ...

သူမသေဆုံးခင်တုန်းက ဆိုင်တစ်ဆိုင်လောက် ငှားယမ်းနိုင်ဖို့တောင် တောင်းတောင်းပန်ပန် လုပ်နေရတဲ့ အဓိက ဈေးကွက်နေရာကို မှတ်မိတယ်။ ဒါဆိုသူဒီအတိုင်း အိမ်မှာပဲထိုင်ပြီး ငှားယမ်းခ ကောက်ယူလို့ရမယ်မှတ်လား?

အကယ်၍ အရေးပေါ် တစ်ခုခု ဖြစ်လာရင်တောင် သူတို့ကို ရောင်းထုတ်လိုက်ရင် သူ့အတွက်တော့ ငွေအမြောက်အမြား ရနိုင်သေးတာပဲ... ပြီးတော့သူ့အဖေနဲ့ သူ့အကိုတို့ရဲ့ စွမ်းဆောင်ရည်အရ ဆိုရင် ပိုင်မိသားစုအနေနဲ့ ပြာပုံထဲ နောက်တစ်ကြိမ် ဝင်ရမယ့်ကိစ္စ မရှိလောက်ဘူး... အကယ်၍အဲ့ဒါက အလုပ်မဖြစ်ရင်တောင် အနည်းဆုံးတော့ မိသားစုက အစားအသောက်နဲ့ နေထိုင်စရာကို စိတ်မပူရလောက်တော့ဘူး

(Completed) Reborn as a good childWhere stories live. Discover now