Chapter《141》

8.1K 1.4K 159
                                    

Unicode

အခန်း(၁၄၁) - ဆန်ကိုချက်ရမယ်

ပိုင်ယန်က ကျောင်းဟွာအား ဆူပုတ်ပုတ်စိုက်ကြည့်ပြီး ပြန်ဖြေသည်။

"မဟုတ်ပါဘူး"

ကျောင်းဟွာသည် ထိုလူက ဒီလောက်ထိ စိတ်အခြေအနေ မကောင်းတာမျိုး တစ်ခါမှ မမြင်ဘူးခဲ့ပေ။ သူက ကြင်ကြင်နာနာ မေးလိုက်သည်။

"ပင်ပန်းနေတာလား? နည်းနည်းလောက် ကြာကြာလေး ထပ်အိပ်လိုက်ရင်ရော"

"ဟင့်အင်း" ပိုင်ယန်က မှုန်ကုပ်ကုပ် ပြန်ပြောသည်။

"ကျွန်တော် အလုပ်တွေ လုပ်စရာ ရှိသေးတယ်"

အိပ်ချင်ယောင်ဆောင်တာက အလုပ်မဖြစ်မှတော့ ဘာလို့များ ဆက်လုပ်နေရဦးမှာလဲ?

ကျောင်းဟွာမှာတော့ ထိုစကားကြောင့် ပိုပြီး ရင်နာသွားမိသည်။ သူက မနေနိုင်စွာပင် ပိုင်ယန်၏နားသို့ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်လေး ထိုင်ချလိုက်၏။

"ခင်ဗျားကို ကြည့်ရတာ သိပ်အဆင်မပြေဘူး, တစ်နေရာရာက နာနေလို့လား? ဆေးရုံမှာ ဆေးသွားစစ်ကြည့်ရင်ရော?"

ပိုင်ယန်က ခေါင်းခါသည်။

"ဟုတ်သားပဲ, ရိဟန်က ခင်ဗျားအိမ်ကို ရောင်းပစ်လိုက်ပြီ, ညဆို ဘယ်မှာသွားအိပ်လဲ? ကျွန်တော့်နေရာမှာ နေရင်ရော? ကျွန်တော်မိသားစုက ခင်ဗျားရှိရင် သဘောကျသွားကြမှာ!"

"အိမ်ဆိုမှပဲ-" ကျောင်းဟွာက တစ်ခစ်ခစ်ရယ်ရင်း ပြန်ပြောသည်။

"ရိဟန်, အဲ့ဒီ ကောင်ဆိုးလေးက အိမ်ကို သူ့နာမည်လွှဲလိုက်တာတဲ့လေ, ဘာလို့များ ဒီလောက်မြန်မြန် ရောင်းထွက်သွားရတာလဲလို့ သိချင်နေမိတာ။ လတ်စသတ်တော့ သူကိုယ်တိုင်က ဝယ်သူဖြစ်နေတာကိုး"

"အိုး" ယန်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။

"ဒီနေ့ ညနေပိုင်းအားလား?"

ကျောင်းဟွာက အံ့အားသင့်သွားရရှာသည်။

"ဒီညလား? အားပါတယ်, ဘာဖြစ်လို့လဲ?"

"ရုပ်ရှင်အသစ်ထွက်တာ သိပ်မဆိုးဘူးလို့ ကြားလို့"

ပိုင်ယန်က မျှော်လင့်ချက် တစ်အောင်စလေးပင် မရှိပဲ ပြောလာသည်။

(Completed) Reborn as a good childWhere stories live. Discover now