Chapter《122》

9.8K 1.6K 22
                                    

Unicode

အခန်း(၁၂၂) - ရှင်းပြချက်ပေး

"သူ့စိတ်ရောဂါ သမိုင်းကတော့ အမှန်ပဲ" ရိဟန်က ပြောသည်။

"ဒီအမှု ပိတ်လိုက်ရတဲ့အပေါ် ကျွန်တော်မအံ့သြပါဘူး, ကျွန်တော်စိတ်ပူတာက သူ့ထွက်ချက်က သုံးလို့ရတဲ့ စကားဟုတ်ရဲ့လား ဆိုတာကိုပဲ? အဲ့ဒီ မတော်တဆက တကယ်ပဲ ထောင်ချီက လှုံ့ဆော်ခဲ့တာလား? ကျွန်တော့် အမနဲ့ ယောက်ဖကို တစ်စုံတစ်ယောက်က ထပ်ပြီး ခြိမ်းခြောက်လာမှာမျိုး ထပ်မမြင်ချင်တော့ဘူး"

ဖန်းရီက သူ့အတွက် ဖွင့်ပေးလိုက်တဲ့ တံခါးကနေတစ်ဆင့် အထဲကို ဝင်သွားပြီး ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။

"လောလောဆယ်တော့ ဟုတ်တယ်" သူက ခေါင်းညိတ်ပြရင်း ပြန်ပြောသည်။

"သူ့အခြေအနေနဲ့ဆိုရင် သူ့ပြောစကားတွေက တိုက်ရိုက်သက်သေအဖြစ် သုံးလို့မရဘူး, ဒါပေမဲ့ သူ့မှာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်တဲ့ စွမ်းရည်ရှိနေတယ်လို့တော့ ငါတောက်လျှောက် ခံစားနေရတယ်, အခု သူ့လုပ်ရပ်အတွက် သူကိုယ်တိုင် တာဝန်ခံသင့်တာ, သူ့ရဲ့ မဆီမဆိုင် တုန်လှုပ်ချောက်ချားပြတာတွေ လက်တွေ့မဆန်တဲ့ ထင်ယောင်မှားမှုတွေက လွဲရင် သူက ယုတ္တိနည်းကျကျ တွေးခေါ်နိုင်စွမ်းကို မဆုံးရှုံးသေးဘူးလေ" သူက လှောင်ပြောင်ရင်း စကားဆက်၏၊

"အနည်းဆုံးတော့ အဲ့ဒီလူက သူ့မှာ စိတ်ရောဂါ ရှိနေတဲ့အတွက် ဘယ်လိုပြစ်မှုကိုမှ မခံယူရဘူးဆိုတာ သိနေတာပဲ,အကျဉ်းကျနေချိန် တစ်လျှောက်လုံးလည်း ပေါ့ပေါ့ပါးပါး နေခဲ့ရတယ်, သူ့အမေကလည်း အကြီးအကျယ် ဝုန်းဒိုင်းကြဲသွားခဲ့တာ"

"ဒီဖြစ်ရပ်အတွက် သူ့ရဲ့ ရှင်းလင်းချက်ကဘာလဲ?" ကျင်းယွမ်ကမေးသည်။

"သူက ပိုင်ရွှယ်ချင်းနဲ့ ချစ်နေကြပြီး သူမက သူ့အမျိုးသမီးဖြစ်သင့်တယ်လို့ ထင်နေတာမို့လို့တဲ့, ဒါပေမဲ့ Miss ပိုင်က သူ့ကို ဘယ်တော့မှ အသိအမှတ်မပြုခဲ့ဘူး, သူမက သူ့ရဲ့ ချစ်ကြောင်းဝန်ခံချက်ကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး, အဲ့ဒါက သူ့ကို Miss ပိုင်အပေါ် အရမ်း မကျေမနပ် ဖြစ်သွားစေတယ်, ပြီးကျတော့ သူက ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ပိုင်အုပ်စုကနေ အဖြုတ်ခံလိုက်ရတယ်လေ, Miss ပိုင်က သူ့ရဲ့ဖြစ်တည်မှုနဲ့ သူအလုပ်ဖြုတ်ခံရတာကို ဘယ်တုန်းကမှ မသိခဲ့တာ အားလုံးသိကြတာပဲ ဒါပေမဲ့ သူကတော့ သူမကို သိုက်တူးသမားလိုမျိုး ထင်နေတုန်းပဲ, သူမက သူဆင်းရဲတာကို မကြိုက်လို့ သူ့ကိုစွန့်ပစ်ပြီး ဖိနှိပ်တယ်လို့ ထင်နေတာ"

(Completed) Reborn as a good childWhere stories live. Discover now