Chapter《145》

7.7K 1.2K 45
                                    

Unicode

အခန်း(၁၄၅) - ချစ်သူတစ်ယောက်ရဲ့ ပင်ကိုယ်သိစိတ်

ချီမင်းယောင်ရဲ့ အပြုံးက မှိန်ဖျော့သွားပြီး ကျင်းယွမ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မတွေ့ရတာ ကြာပြီနော်" သူက ပြန်ဖြေ၏။

"အဆင်ပြေနေပုံပဲနော် Mr မု, ပျော်စရာများ ရှိလို့လား? ကျွန်တော် ခင်ဗျားကို ဂုဏ်ပြုပေးရတော့မှာလား?"

ကျင်းယွမ်က မျက်လုံးထိ မရောက်သည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။

"ဂုဏ်ပြုရလောက်အောက်တော့ မဟုတ်ပါဘူး, ကျွန်တော်က ကိုယ့်ဘဝကိုယ် ကျေနပ်နေရုံပါပဲ, ခင်ဗျားနဲ့တော့ မတူဘူးပေါ့ Mr ချီရယ်, သိပ်မကြာခင်တုန်းက အဓိကမြို့စီမံကိန်းတစ်ခုအတွက် အဆိုပြုချက်ကို အောင်နိုင်သွားခဲ့သေးတယ်လေ, ခင်ဗျားက ဒီလောက်အစောကြီး ဘဝရဲ့ အထွဋ်အထိပ်ကို ရောက်နေပြီဟာ"

"ဒါက ဝင်ငွေ နည်းနည်းလေးပါပဲဗျာ" ချီမင်းယောင်က ခပ်လွင်လွင် ရယ်မောလိုက်သည်။

"Mr မု အာရုံစိုက်ရလောက်အောင် မထိုက်တန်ပါဘူး"

ရိဟန်သည် လျှာစောင်းစောင်းထက်ထက်ဖြင့် တိုက်ခိုက်နေကြသော အမျိုးသားနှစ်ယောက်အား စိတ်ရှုပ်ထွေးစွာ ကြည့်မိသည်။ ကျင်းယွမ်ရဲ့ အကျင့်စရိုက်ကို သူနားလည်သလောက်ဆိုရင် သူအခု လုပ်နေတဲ့ ပုံစံက သူ့နယ်မြေကို ကာကွယ်တဲ့ အခါမျိုးမှာ ဖြစ်တတ်တဲ့ ပုံစံမျိုးပဲ။

ရိဟန်က မျက်မှောင်ကြုတ်လိုက်ပြီး ချီမင်းယောင်အား သံသယဖြင့် ကြည့်မိသည်။ ဒီလူက စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူ ဖြစ်နိုင်ပြီး ရိဟန် မိတ်ဆွေဖွဲ့လို့ရတဲ့သူမျိုး မဟုတ်လောက်ပေမယ့် သူတို့က ဒိအတိုင်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေရုံလောက်ပဲလေ။ ကျင်းယွမ်အနေနဲ့ ဒီလောက်ထိ သတိထားနေစရာ မလိုပါဘူး ဟုတ်တယ်မှတ်လား?

ရိဟန်သည် ကျင်းယွမ်ရဲ့ စူးရဲနေသည့် မျက်လုံးများနဲ့ ထိုလူရဲ့ နောက်ကွယ်မှာ သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်ကို တစ်ချက်ကြည့်မိသည်။ သူက စိတ်ထဲမှာသာ သက်ပြင်းချမိတော့၏။ ကျင်းယွမ်ကသူ့ကို တကယ်ဂရုစိုက်တာပဲ။ ဒါက ဘာသံသယဝင်စရာမှ မရှိဘူး။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒါက အချစ်ဟုတ်မနေခဲ့ဘူး။

(Completed) Reborn as a good childWhere stories live. Discover now