Chapter《205》

5.5K 1K 26
                                    

Unicode

အခန်း(၂၀၅) - ငါ့ကိုရိုက်ရဲတယ်ပေါ့!

လူကြီးမင်းယန်ရဲ့ မျက်လုံးများက မှေးစဉ်းနေပြီး လေးလံစွာ သက်ပြင်းချလာသည်။

"ထားလိုက်ပါတော့ ငါလည်း အသက်ကြီးနေပါပြီ။ လူအိုကြီးတစ်ယောက်အနေနဲ့ တိတ်ဆိတ်ပြီး ငြိမ်းချမ်းတဲ့ ဘဝကိုပဲ သက်တောင့်သက်သာ ကုန်ဆုံးသင့်နေပြီ။ ငါ့ရဲ့ ကျန်ရှိတဲ့ နေ့ရက်တွေကို အေးအေးဆေးဆေးနဲ့ chess ကစားလိုက် ပန်းတွေစိုက်လိုက်နဲ့ပဲ နေတော့မယ်။ လူငယ်တွေကို သူတို့ကိစ္စ သူတို့ဖြေရှင်းကြပါစေ"

ယန်ချုံးက ယန်ဖင်းအား ကြမ်ပြင်ပေါ်ကနေ ဆွဲထူလိုက်သည်။ ထို့နောက် နွမ်းနယ်စွာဖြင့် ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်၏။

"အဲ့ဒါက ကျွန်တော့်အမှားပါ" သူက ညင်ညင်သာသာ ပြောလာသည်။

"ကျွန်တော်ပဲ သူမကို အရမ်း အလိုလိုက်ခဲ့မိတာ"

"ဖေးဖေးလည်း မိန်းကလေး။ ကျွန်တော်က ကျွန်တော့်သမီးကို အချစ်ဆုံးပဲ။ ကျွန်တော်လည်း ဖေးဖေး မွေးကတည်းက သူမကို အလိုလိုက်ထားခဲ့တာပဲ" ယန်ဖင်းက တည်ငြိမ်စွာ ပြောလာသည်။

"ကျွန်တော် တတ်နိုင်တဲ့ အတွင်းဆိုရင် သူမ လိုချင်တဲ့ ဘယ်အရာကိုမဆို ပေးခဲ့တယ်။ ပြီးတော့ ခုနက ပြန်သွားတဲ့ ပိုင်ရိဟန်။ လူအများကြီးရဲ့ အချစ်တွေက လူတစ်ယောက်တည်းပေါ်မှာ ပုံအပ်နေခဲ့တာ။ ရိုးရှင်းတဲ့ နှာချေမှုလေးတောင် လူအုပ်စုကြီး တစ်ခုလုံးကို ထိတ်လန့်စေလိမ့်မယ်။ သူတို့တွေ အကုန်လုံး ယန်မြောင်ထက်တောင် ပိုပြီး အလိုလိုက်ခံရသေးတယ် ဒါပေမဲ့ သူတို့က လူတွေအတွက် စဉ်းစားပေးတတ်တယ်။ ဖေးဖေးက ဆိုးသွမ်းတဲ့ ကောင်မစုတ်လေးလို လုပ်နေပေမယ့် သူမက တာဝန်ကျေပြီး ချစ်ဖို့ကောင်းတယ်။ ရိဟန်ကလည်း အရင်တုန်းက ထောင်လွှားတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုတော့ သူလည်း တစ်ခြားသူတွေအပေါ် တန်ဖိုးထားတာကို မြင်တွေ့နေရတာပဲ။ သူက ပိုင်မိသားစုနဲ့ မုကျင်းယွမ်အပေါ် တကယ် ဂရုစိုက်တာ။ အခုသူဘယ်လို ရှိနေလဲ ဆိုတာကို ထည့်ပြောနေဖို့ လိုမယ် မထင်ဘူး"

(Completed) Reborn as a good childWhere stories live. Discover now