Chapter《73 and 74》

15.4K 2.2K 22
                                    

Unicode

အခန်း(၇၃) - ပိုင်ဆိုင်မှု

"ရွှယ်ချင်းပြောတာက အကြောင်းအရင်း မရှိတာတော့မဟုတ်ဘူး" ယန်က ခေါင်းညိတ်ပြီး ဆက်ပြောလာသည်။

"'ခွေးတွေနဲ့အတူ လှဲအိပ်ရင် သန်းထလာလိမ့်မယ်' ဆိုတဲ့စကားလိုပေါ့, ကျွန်တော်တို့ ညီငယ်လေးက အရမ်းငယ်သေးတယ်, သူက သူ့နည်းသူ့ဟန်ကို လုံးဝမသတ်မှတ်ထားဘူး, ဖုန်းချွင်လိုမျိုး မရိုးသားတဲ့ တစ်စုံတစ်ယောက်နဲ့ ပေါင်းသင်းတာက သူ့အတွက်မကောင်းဘူးလေ, သူက အဲ့ဒီလူကြောင့် လမ်းလွဲသွားတာဖြစ်နိုင်တယ်, သူကဒေါသကြီးပြီး သူ့ကိုယ်သူပဲ ဗဟိုပြုမူတတ်တဲ့သူမျိုး, သူ့အကိုကြီးဖြစ်တဲ့ ကျွန်တော်ပြောတာကိုတောင် နားထောင်တာ မဟုတ်ဘူး, ဒါပေမဲ့အခုရော? သူက ရင်ကျက်ပြီး နာခံမှုရှိလာတယ်; ကျွန်တော့ရဲ့ အကြံဉာဏ်တွေကိုတောင် နားထောင်လာပြီ, အဲ့ဒီအပေါ်ယံ သူငယ်ချင်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်သင့်တယ်"

"မင်းမှန်တယ်" ဖုရဲန်က ခေါင်းညိတ်ထောက်ခံ၏။

"ဟန်ဟန်က ပိုင်မိသားစုရဲ့ အငယ်ဆုံးသား, သူကို မျက်နှာသာပေးချင်တဲ့သူတွေ အများကြီးပဲ, သူက အရမ်းငယ်သေးတယ်, တစ်ခါတစ်လေ တစ်ဖက်လူဟာ သူ့ကိုတကယ် ကြင်နာပြီး စိတ်ရင်းမှန်ရဲ့လား ဒါမှမဟုတ် မကောင်းတဲ့အကြံ ရှိနေလားဆိုတာ သူမပြောနိုင်ဘူး, မင်းတို့က သူ့ရဲ့ အကိုကြီးအမကြီးတွေဆိုတော့ အဲ့ဒီလို လူဆိုးလူမိုက်တွေကို စစ်ထုတ်ပေးဖို့အတွက် ကူညီပေးရမယ် ဒါပေမဲ့ သူစိတ်မကောင်းမဖြစ်အောင်လည်း သူ့ဆန္ဒကို လေးစားပေးဖို့ လိုအပ်တယ်"

"ဖုန်းချွင်အနေနဲ့ကတော့, ချန်သခင်လေးက ဖြေရှင်းလိုက်ပြီဆိုတော့ ငါတို့ဘာမှ လုပ်နေစရာ မလိုအပ်တော့ဘူး, သူက ဟန်ဟန်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခင်မင်ရင်းနှီးတာ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ အရေးကြီးဘူး, ဒါတွေအားလုံးက ငါတို့ရဲ့ ခန့်မှန်းမှု သပ်သပ်ပဲ ရှိတာဆိုတော့ အကယ်၍ တစ်ခုခုကို ပိုပြီးလုပ်လိုက်ရင် လွန်ကဲပြီး ရက်စက်ကြမ်းကြုတ်ရာရောက်တယ်, သူဆေးရုံက ဆင်းလာတာနဲ့ ငါတို့သူ့ကို အဝေးတစ်နေရာ မောင်းထုတ်လိုက်ကြတာပေါ့, သူသာဒီမြို့ကို ပြန်မလာသ၍ သူဘာပဲ လုပ်ခဲ့ပါစေ ငါတို့သူ့ကို လွှတ်ပေးလိုက်မယ်"

(Completed) Reborn as a good childWhere stories live. Discover now