Chapter《157》

8.5K 1.1K 19
                                    

Unicode

အခန်း(၁၅၇) - အစပ်မစားနိုင်ဘူး

ကျင်းယွမ်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး သူ့ဘေးက ထိုင်ခုံအား ပုတ်ပြသည်။

"ဟန်ဟန်, ဒီမှာလာထိုင်, အဲ့ဒီမိန်းကလေးက မင်းနဲ့ ဘာလုပ်ချင်ပြန်ပြီလဲ?"

ရိဟန်က ပြုံးလိုက်ပြီး ကျင်းယွမ်ဘေးမှာ ဝင်ထိုင်သည်။

"ကျန်းစုရဲ့ စာအုပ်ဆိုင်ကို ချဲ့လိုက်လို့လေ, သူက ဘေးက ဆိုင်နှစ်ဆိုင်ကိုပါ ဝယ်ပြီး အကုန်လုံး ပေါင်းချလိုက်တာ, အခု ပြန်ပြီးမွမ်းမံမှုအားလုံး ပြီးသွားပြီတဲ့, မနက်ဖြန်က အဖွင့်ပွဲပဲ, ငါက 'ဆိုင်ဖွင့်ပွဲ' ကိုတက်ပေးမလို့ လုပ်ထားတာ, အဲ့ဒါ ဖေးဖေးက ငါမေ့နေမှာစိုးလို့ ဆိုပြီး ဖုန်းခေါ်လာပေးတာပဲ, ဖေးဖေး သတိပေးလို့ တော်သေးတာပေါ့, ငါက သဘက်ခါမှလို့ ထင်ထားတာ, သူသာ ခေါ်မလာဘူးဆိုရင် ငါတော့ လွတ်သွားတော့မှာပဲ"

ကျင်းယွမ်က လက်ခံဟန် အသံတစ်ချက်ပြုကာ

"ကျန်းစုက လူကောင်းတစ်ယောက်ပဲ, သူနဲ့ ပိုပြီး အဆက်အသွယ် လုပ်ထားတာလည်း မင်းအတွက် ကောင်းတာပဲ, ဒါပေမဲ့ ...." ကျင်းယွမ်က ခဏရပ်ပြီးမှ စကားပြန်ဆက်သည်။

"မင်းနဲ့ ယန်ဖေးက နီးစပ်တာလား? မင်းသူမကို ဖေးဖေးလို့ ခေါ်တာ, ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ နာမည်ပြောင်လဲလို့"

ရိဟန်က သူ့လက်ဖဝါးလေးထဲ မျက်နှာအပ်လိုက်ရင်း သက်ပြင်းချလေသည်။

"ငါသူမကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ, ဒါက နာမည်ပြောင်လေးတစ်ခုပဲလေ, မင်းက အဲ့ဒါလည်း စိတ်ထဲထားတာပဲလား? မင်းဒီလိုမျိုး သိမ်ငယ်စိတ် များတာကို မင်းလက်အောက်ငယ်သားတွေရော သိလား?"

"မင်းဘယ်တုန်းကမှ ကိုယ်နာမည်ထဲက စာလုံးတစ်လုံးကို ဒီလိုမျိုး ချစ်စရာကောင်းတဲ့ နာမည်ပြောင်မျိုး မပေးခဲ့ဘူးလေ, ဒီလောက်လည်း ချစ်ချစ်ခင်ခင် မခေါ်ခဲ့ဖူးဘူး" ကျင်းယွမ်က လေးလေးနက်နက် ပြောသည်။

"ကိုယ့်နာမည်ကြီးပဲ ခေါ်အောင်တောင် မနည်းလုပ်ထားရတာ, ယန်ဖေးက ဘာမှမလုပ်ရသေးတောင် မင်းသူ့ကို ဖေးဖေးလို့ခေါ်နေပြီ"

(Completed) Reborn as a good childWhere stories live. Discover now