Chapter《152》

8.3K 1.3K 49
                                    

Unicode

အခန်း(၁၅၂) - ငါဆုံးဖြတ်လိုက်ပြီ

ရိဟန်က ကုတင်ပေါ် ထိုင်ချလိုက်သည်။ သူ့လက်ချောင်းလေးများက ကျင်းယွမ်ရဲ့ မျက်ကွင်းညိုများဆီ ဝေ့ဝဲနေပြီး ဖြည်းညှင်းစွာ လျောကျသွားသော်လည်း လေလယ်မှာပင် ရှိနေဆဲပင်။

"အကယ်၍ မင်းသာ တကယ်ပဲ ငါ့ကို လက်လွှတ်လိုက်မယ်ဆိုရင် ငါသေနိုင်လောက်တဲ့အထိ ပျက်စီးသွားခဲ့မှာပဲ, မင်းကို...." ရိဟန်က နူးနူးညံ့ညံ့ရေရွတ်သည်။

"ငါမင်းကို နောက်တစ်ခေါက် ထပ်ယုံပေးလိုက်မယ်, အကယ်၍ မင်းငါ့ကို ထပ်ပြီး လိမ်ရဲမယ်ဆိုရင်တော့ ငါမင်းကို တကယ်မုန်းမိမှာ"

ရိဟန်က ရပ်လိုက်သည်။ စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေမိပြီးမှ စကားဆက်လေသည်။

"အကယ်၍ မင်းသာ မြန်မြန်ပြန်ကောင်းလာမယ်ဆိုရင်, ငါ.....ငါမင်းဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လိုက်လျောပေးမယ်, အကယ်၍မင်းက ငါမင်းကို မယုံကြည်တဲ့အပေါ် ဒေါသထွက်နေမယ်ဆိုရင် မင်းဒေါသကို ငါ့အပေါ် ဖြေလျော့ခွင့်ပေးမယ်, ကတိပေးတယ်, ပြန်လည်းရန်မဖြစ်ဘူး ပြန်လည်းမပြောဘူး ဟုတ်ပြီလား?" ထိုသို့ပြောပြီးနောက် သူ့လက်ချောင်းလေးများဖြင့် ကျင်းယွမ်ရဲ့ လက်ချောင်းထိပ်လေးများအား ဖြည်းညှင်းစွာ ချိတ်တွယ်လိုက်သည်။

တစ်ဖက်လူဆီက နွေးထွေးမှုက သူ့နှလုံးသားထဲက ကွက်လပ်ကို နောက်တစ်ဖန် ထပ်ဖြည့်တင်းလိုက်သလို ခံစားရသည်။ နောက်ဆုံးတော့ သူ့နှလုံးသားက အေးစက်နေတဲ့ လေထုကို ဖောက်ထုတ်ရင်း တစ်ချိန်လုံး သွေးတွေထွက်နေသလို မခံစားရတော့ပေ။

ရိဟန်က ခပ်ဖွဖွ သက်ပြင်းချသည်။ ဒီအချိန်ခဏလေးမှာ သူ့ခန္တာကိုယ်က ငှက်မွှေးလေးတစ်စလို ပေါ့ပါးနေလေပြီ။ ၎င်းသည် ကြီးမားလေးလံသည့် ဧရာမ ကျောက်တုန်းကြီးတစ်တုန်းကို သူ့ပုခုံးပေါ်ကနေ ပစ်ချလိုက်ရသလိုပင်။ ရိဟန်က ကုတင်စွန်းနားမှာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို လှဲချကာ အိပ်လိုက်ပြီး ကျင်းယွမ်ရဲ့ လက်ချောင်းများအား နမ်းလိုက်သည်။

ထို့နောက် အခန်းထဲက ဆူညံသံများနဲ့ ရောယှက်လုနီးပါးဖြစ်နေသော အသံတိုးဖွဖွလေးဖြင့် တီးတိုးပြောလေသည်။

(Completed) Reborn as a good childWhere stories live. Discover now