Chapter《57 and 58》

16.7K 2.4K 43
                                    

Unicode

အခန်း(57) - ငါ့ကိုလစ်လျှူမရှုပါနဲ့

ဒါပေမဲ့ ထိုပေါ့ပါးတဲ့ အနမ်းနှစ်ပွင့်က ရိဟန်ရဲ့ သဘောထားကို စမ်းသပ်ယုံသာဖြစ်သည်။ ကျင်းယွမ်က သူ့အသေးလေးရဲ့ လည်ပင်းနဲ့လက်က ဒဏ်ရာတွေကို မမေ့သေးဘူး!

ကျင်းယွမ်သည် တစ်ဖက်လူကို ဆက်တိုက်နမ်းချင်နေသည့် စိတ်ဆန္ဒကို ဖိနှိပ်ထားလိုက်ရသည်။ သူက ရိဟန်ရဲ့ နှာခေါင်းထိပ်လေးအား ညင်သာစွာ ဆွဲလိုက်ပြီးနောက် first aid kit ကိုရှာရန် အိပ်ယာပေါ်ကဆင်းလိုက်သည်။

ဒါပေမဲ့ သူ့ခြေထောက်က ကြမ်းပြင်နဲ့ ထိသွားတဲ့ တစ်ခဏမှာပဲ.....

"..."

သူမေ့သွားတယ်.... သူဒီ ကြမ်းပြင်တစ်ခုလုံးကို ခြေဗလာနဲ့ သွားပြီး ခြေဗလာနဲ့ ပြန်လာထားတာပဲ

သူ့ခြေထောက်အောက်ခြေမှာ အခုထိ စိုက်ဝင်နေတဲ့ ဖန်ကွဲစတွေ ရှိနေသေးတယ်...အခု သူတို့ကို ကြမ်းပြင်ပေါ် ဖိချလိုက်တော့, ဒီပြင်းထန်တဲ့ ခံစားချက်က......

သူက အေးခဲသွားမိသည်။ ခဏလောက် ရပ်တန့်သွားမိပြီး နောက်မှာတော့ တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး ခြေထောက်ကို အေးအေးဆေးဆေး မြှောက်လိုက်ကာ  ခြေဖဝါးမှ ဖန်ကွဲစများကို ဆွဲထုတ်လိုက်သည်။ ငြိမ်ငြိမ်သက်သက်နဲ့ပဲ first aid kit ကိုသွားယူ၍ ပြန်လျှောက်လာ၏။

ကံကောင်းစွာနဲ့ ရိဟန်က နေရာမှာတင် လှဲပြီး ရှက်ရွံ့မှုဖြင့် အငွေ့များ ထွက်နေဆဲ ဖြစ်တာကြောင့် သတိမပြုမိလိုက်ပေ။

ကျေးဇူးတင်စရာကောင်းတာက သူ့မှာ သံမဏိလို သန်မာမှု ရှိနေလို့ အသံမထွက်ပဲ နေနိုင်သွားတာ, မဟုတ်လို့ကတော့ သူ့ပုံရိပ်လေး ပျက်စီးပါပြီ

သူက ရိဟန်ရဲ့ ဒဏ်ရာများနဲ့ သူ့ဒဏ်ရာများကို သန့်ရှင်းရေး လုပ်လို့ ပြီးသွားသည်နှင့် ရိဟန်ရဲ့ လက်ပေါ်က ပတ်တီးစအား ညင်သာစွာ နမ်းလိုက်သည်။

"အရူးလေး"

သူက ညင်သာစွာ စကားဆက်သည်။

"ဘာလို့ကိုယ့်ကိုကိုယ် ဂရုမစိုက်ရတာလဲ? အကယ်၍ မင်းနောက်တစ်ခါ ကိုယ့်ကိုကိုယ် ဒီလိုမျိုး ထိခိုက်စေဖို့ ကြိုးစားရဲဦးမယ် ဆိုရင် ကိုယ်....."

(Completed) Reborn as a good childWhere stories live. Discover now