Chapter《36 and 37》

16.5K 2.4K 179
                                    

Unicode

အခန်း(36) - ရင်နာတယ်

အမေသည် သူမရဲ့ နှလုံးသားထဲမှာတော့ ဖုန်းချွင်အား အကြိမ်ကြိမ် ကျိန်ဆဲနေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ကျင်းယွမ်ကို အကျွင်းမဲ့ ယုံကြည်တာကြောင့် သူမရဲ့ အငယ်ဆုံးလေးအား သူ့ရင်ခွင်ထဲမှာသာ ထားလိုက်တော့သည်။ ကျင်းယွမ်က တံခါးကနေ ထွက်သွားတာနဲ့ သူမသည်လည်း လျင်မြန်စွာ လိုက်ပါသွားလိုက်၏။

ပိုင်ဖုရဲန်နဲ့ သူ့ရဲ့ တစ်ခြားကလေး နှစ်ယောက်ကလည်း Mr ယန်နဲ့ ယန်ချုံးအား ခွင့်တောင်းလိုက်ကာ ထိုသုံးယောက်နောက်ကနေ လိုက်သွားလိုက်သည်။

ပိုင်မိသားစုအားလုံး ခန်းမထဲက ထွက်ခွာသွားတာနဲ့ Mr ယန်ရဲ့ အမူအယာက ပိုလို့ပင် မဲမှောင်လာ၏။ သူကသူ့ရဲ့ မိုက်မဲတဲ့သားအား စိုက်ကြည့် လိုက်လေသည်။

"ဒီမှာဘာလာရပ် နေသေးတာတုန်း? ဖုန်းဆိုတဲ့ ကောင်စုတ်လေးက ပြဿနာတွေ ထပ်ပြီးရှာအောင် စောင့်နေတာလား?" သူက ဒေါသဖြင့် အော်လိုက်သည်။

"ခွင့်ပြုပါ, ဆရာ, ကျွန်တော်အိမ်မှာ အစောတလျှင် လုပ်စရာကိစ္စလေး ရှိနေလို့ အရင်ပြန်ခွင့်ပြုပါ, ဒီကိစ္စကို ဖြေရှင်းဖို့အတွက် နောက်တစ်နေ့ ပြန်လာခဲ့ပါ့မယ်" ဖုန်းသချုံးက နှဖူးပေါ်က ချွေးစေးများကို သုတ်လိုက်ရင်းဖြင့် ထိတ်လန့်နေသော လေသံဖြင့် ပြောလာသည်။

ထို့နောက်, ကျန်ခဲ့တဲ့ ဖုန်းချွင်အား တစ်ချက်ပင် ပြန်မကြည့်ပဲ အပြေးအလွှား ထွက်ခွာသွားတော့လေသည်။ လူအုပ်ကလည်း ပြိုကွဲသွားပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်ကြသည်။ ခန်းမက ယခင်အတိုင်းပင် အေးဆေးငြိမ်သက်နေသည်။

"သချုံးဆိုတဲ့လူက တော်တော် ရက်စက်တာပဲ, သူ့သားကို ဒီအတိုင်း စွန့်ပစ်သွားတယ်" ယန်ချုံးကပြောလာသည်။

"မိဖုရားကို ကာကွယ်ဖို့ ရဲတိုက်တစ်ခုကို စတေးရဲတဲ့သူက ရဲရင့်တဲ့ ယောကျာ်းတစ်ယောက်လို့ ယူဆကြတယ်, အကယ်၍ သူလိုလူမျိုးသာ အာဏာရသွားခဲ့ရင် အရမ်းကြောက်စရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာ, အဲ့ဒီလူကို သတိထားနေ" Mr ယန်က ပြန်တုန့်ပြန်သည်။

(Completed) Reborn as a good childWhere stories live. Discover now