Chapter《30 and 31》

16.8K 2.5K 67
                                    

Unicode

အခန်း(30) - အတိတ်

ဘဏ်ကြွေးများ ပြန်ဆပ်နိုင်ဖို့အတွက် သူတို့ရဲ့ အိမ်ကြီးနဲ့ တစ်ခြားမိသားစု ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချပစ်ရသည်။ မိသားစုတစ်စုလုံး သာမာန် တိုက်ခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရ၏။ အချမ်းသာဆုံး အမျိုးသားတစ်ယောက်က သာမာန်လူတစ်ယောက် ဖြစ်ခဲ့ရသည်။ တစ်ချိန်က သူတို့ကိုယ်သူတို့ သူ့ရဲ့ ညီအစ်ကိုများဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည့် သူငယ်ချင်းများသည်လည်း ချက်ချင်းပင် စွန့်ခွာကုန်ကြသည်။

ဖုန်းချွင်သည်လည်း သူ့မျက်နှာဖုံးကို ချွတ်ကာ စစ်မှန်တဲ့ အသွင်ကို ထုတ်ဖော်လာလေသည်။ သူက ရိဟန်ရဲ့ ကုမ္ဗဏီသေးသေးလေးမှ ငွေများအားလုံးကိုပါ ခိုးယူခဲ့သည်။ ထိုအချိန်မှသာ ရိဟန်သည် အရာအားလုံးက ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့တယ် ဆိုတာနဲ့ ဖုန်းချွင်က ပိုင်မိသားစု ကျဆုံးမှု၏ နောက်ကွယ်မှ စီမံခန့်ခွဲသူ ဖြစ်ကြောင်း သိခဲ့ရသည်။

ဒေါသနဲ့နောင်တတရားကြောင့် ရိဟန်သည် တရားမျှတမှုကို ရှာဖွေရန် ဖုန်းချွင်အား စွဲချက်တင်ခဲ့လေသည်။ သို့ပေမယ့် အရှက်ကွဲမှုနဲ့ ရယ်မောခံရမှုများဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ သူက အရိုက်ပင်ခံခဲ့ရ၏။

တကယ့်ကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာပဲ။ အမှန်တရားကိုလည်း မဖုန်းကွယ်ဝံ့တာကြောင့် သူလုပ်ခဲ့တာတွေအား သူ့မိသားစုကို ဝန်ခံခဲသည်။ သူတို့က ဘာမှမပြောသော်လည်း သူ့ကို စိတ်ပျက်သွားတာကိုတော့ ပြောနိုင်သည်။

ပိုင်မိသားစု ကျဆုံးပြီးနောက်မှာ ရိဟန်က သူလုပ်ခဲ့သမျှ မှားယွင်းမှုများအတွက် မှန်ကန်တာ တစ်ခုခု ပြန်လုပ်ပေးဖို့အတွက် အာရုံစိုက်ခဲ့သည်။ သူက အကောင်းဆုံး ကြိုးစား၍ သူ့အကိုအား ပြာပုံထဲက ပြန်ထနိုင်စေရန် ငွေကြေးရှာဖွေဖို့ နည်းလမ်းများ စဉ်းစားခဲ့၏။ လိုအပ်တာထက်ပိုပြီး ကြေးတစ်ပြားပင် မသုံးရဲခဲ့ပေ။ 

သူက သူ့မိသားစုပေးတဲ့ စားစရိတ်များကို ချွေတာပြီး တတ်နိုင်သမျှ နေရာတိုင်းမှာ အလုပ်ရှာဖွေခဲ့သည်။ သို့သော်လည်း သူဟာအရင်တုန်းက တက်ကြွမှုမရှိတဲ့ ချမ်းသာသော ကလေးတစ်ယောက် ဖြစ်ခဲ့သည်လေ။

(Completed) Reborn as a good childWhere stories live. Discover now