Chapter《34 and 35》

17.2K 2.5K 153
                                    

Unicode

အခန်း(34) - လူကြီးမင်း Mr ယန်

လူတိုင်းက သက်ကြီးရွယ်အိုများအား ကလေးတစ်ယောက်အဖြစ် ရည်ညွှန်းကြသည်။ တစ်စုံတစ်ယောက်ဟာ အသက်အရွယ်တစ်ခုကို ကျော်လွန်လာခဲ့ပြီဆိုရင် သူတို့ကြိုက်မှု မကြိုက်မှုအပေါ် အခြေခံပြီး အရာရာတိုင်းကို ကလေးတစ်ယောက်လိုမျိုး လုပ်ဆောင်လာကြသည်။  Mr ယန်က ငယ်ရွယ်စဉ်တုန်းကတော့ အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့ပြီး အရာအားလုံးကို သူ့လက်ခုပ်ထဲ ထည့်ထားနိုင်ခဲ့သည်။ 

အခုသူက အသက်အရွယ်ကြီးရင့်နေပြီ။ အရာရာတိုင်းကို လိုက်လုပ်စရာ မလိုအပ်တော့ဘူး။ သူ့သားက သားကောင်းတစ်ယောက်ပဲလေ။ အိမ်မှာဆိုရင် လူကြီးမင်း Mr ယန်ရဲ့ စကားလုံးများက ဥပဒေတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ သူ့ကိုမပျော်မရွှင်ဖြစ်အောင် ဘယ်သူမှ မလုပ်ရဲကြဘူး။ 

သို့သော်လည်း အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ သူ့ရဲ့ နှစ်သက်မှုသည် သားဖြစ်သူနဲ့ ပိုင်ယန်လိုမျိုး ထက်မြက်တဲ့သူတွေဆီကနေ ပိုင်ရိဟန်လို ရူးကြောင်ကြောင်လေးနဲ့ ချိုမြိန်ပြီး လိမ်မာတဲ့ ကလေးများဆီ ကူးပြောင်းသွားသည်။ ဒါ့အပြင် ပိုင်ရိဟန်သည်လည်း Mr ယန်ရဲ့ အကြိုက်နဲ့ ကွက်တိပဲလေ။

ရိဟန်က သူ့ကိုမွေးနေ့ဆုတောင်းပေးခဲ့တဲ့ အချိန်ကစပြီး ရံဖန်ရံခါဆို ပိုင်ရိဟန် ရပ်နေသည့် နေရာကိုပင် ချောင်းချောင်းကြည့်မိသည်။ စက္ကန့်ပိုင်းလောက် အကြည့်လွှဲဖယ်မိလိုက်တာနဲ့ ဒီကလေးက ဒီလိုမျိုး ကြောက်ရွံ့ထိတ်လန့်သွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ!

နက်ရှိုင်းလှတဲ့ ငွေတွင်းနဲ့အာဏာရှိသော ကလေးကြီးတစ်ယောက် အနေနဲ့ Mr ယန်က ဒေါသပေါက်ကွဲတဲ့အခါမှာ အကြောင်းပြချက်မဲ့လှသည်။

"ဒီပိုင်မိသားစုက ကလေးလေးက ပထမအဆင်ပြေနေရက်နဲ့, တစ်ဖက်က ကောင်လေးက ဘာလုပ်လိုက်လို့ ဒီလောက် သူ့ကိုကြောက်လန့်သွားစေတာလဲ? ယန်ချုံး, ပါတီမှာ ဒီလိုအကြံအစည်သမားတွေကို ဘာလို့ဝင်ခွင့်ပြုထားတာလဲ? ငါ့မွေးနေ့ပါတီက အရမ်းသာယာနေမှာစိုးလို့ ဒီကောင်ကို ကိစ္စတွေဖရိုဖရဲဖြစ်အောင် ခွင့်ပြုထားတာလား?" Mr ယန်က အုံ့မှိုင်းလှစွာဖြင့် ပြောသည်။

(Completed) Reborn as a good childWhere stories live. Discover now