Chapter《83 and 84》

13.8K 2K 35
                                    

Unicode

အခန်း(၈၃) - တိုက်ဆိုင်မှုလား?

ရိဟန်က လွန်လွန်ကဲကဲ ဆက်ဆံမှုကြောင့် မူးမေ့သွားရသည်။ ကျင်းယွမ်က ဘယ်လောက်ထိ ဆက်သွားလဲ သူမသိတော့ပေ။ နောက်တစ်နေ့မှာ သူအိပ်ယာကနေ မထနိုင် ဖြစ်သွားရသည်လေ။ ကံကောင်းထောက်မစွာနဲ့ သူက ပုံမှန်ဆိုရင်လည်း အိပ်ယာထဲမှာ ပျင်းရိနေတတ်သည်။ နိုးလာရင်လည်း ဒေါသက ဆိုးဝါးတတ်တာကြောင့် ဘယ်သူမှ သူ့ကို လာရောက်မနှောင့်ယှက်ကြပေ။ မဟုတ်ရင် ကျင်းယွမ်နဲ့ သူ့ရဲ့ဆက်ဆံရေးကို အလွယ်တကူ ဖော်ထုတ်နိုင်သွားလိမ့်မည်။

ကျင်းယွမ်က မီးဖိုချောင်က ဆန်ပြုတ်တစ်ပန်းကန်အား ယူ၍ ရိဟန်အား အိပ်ယာပေါ်မှာပဲ မနက်စာ ကျွေးလိုက်သည်။ ထို့နောက် ရိဟန်အား နောက်တစ်ခေါက် ပြန်အိပ်ရန် ချော့မော့လိုက်ပြီးမှ နောက်ဆုံးတော့ သူ့ကိုယ်ပိုင် ဧည့်သည်ခန်းသို့ ပြန်သွားလေ၏။

သူက ဖုန်းကို ထုတ်ယူလိုက်ပြီး သူ့ contacts ထဲက နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ချန်ဟုန်, ငါ့အတွက် ထောင်ချီဆိုတဲ့ မိန်းမတစ်ယောက်ကို စောင့်ကြည့်ပေး,.... ငါသူမနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို သုံးရက်အတွင်း လိုချင်တယ်, ပြီးတော့ ဖုန်းချွင်နဲ့ ပတ်သတ်ပြီး စုံစမ်းနေတာရော ဘယ်အခြေအနေ ဖြစ်သွားပြီလဲ?"

"ဖုန်းချွင်နဲ့ ပတ်သတ်လို့တော့ ဘာမှထူးခြားတာ မရှိပါဘူး, သူကဘာကိုမှ အထူးတလှယ် ကျွမ်းကျင်တာ မရှိပေမယ့် သူ့ကိုယ်သူ ဘယ်လိုပျော်ရွှင်အောင် နေရမလဲ ဆိုတာကိုတော့ တကယ်သိနေတယ်, သူက ဘယ်အရာမဆို ကစားတယ်, ဘာမဆိုလုပ်တယ်, အကယ်၍ သူနဲ့ပတ်သတ်ပြီး သံသယဝင်စရာ တစ်ခုခုကိုသာ ထောက်ပြရမယ်ဆိုရင် လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သူ့ကို တစ်စုံတစ်ယောက်က လျှို့ဝှက် ဆက်သွယ်လာတာပဲရှိတယ်" ချန်းဟုန်က ဖုန်းတစ်ဖက်ကနေ အစီအရင်ခံနေသည်။

ကျင်းယွမ်ရဲ့အကြည့်က ထက်ရှသွားသည်။

"ဘယ်သူလဲ?"

"အဲ့ဒီလူက ကျွန်တော့်အတွက်တော့ သိပ်မရင်းနှီးပေမယ့် နောက်က လိုက်ကြည့်တာ သူက ချီမိသားစုရဲ့ ဘေးဘက် အခွဲက တစ်ယောက်ယောက်ဆိုတာကို တွေ့ရှိခဲ့ရတယ်, ဒါပေမဲ့ ဖုန်းချွင်နဲ့ တိတ်တဆိတ် တွေ့ဆုံမှု ပြီးတဲ့အချိန်မှာ ဘာတစ်ခုမှမဖြစ်ခဲ့သလို ဖုန်းချွင်လည်း ဘာမှမလုပ်ခဲ့ဘူး, သိပ်မကြာခင်မှာပဲ သခင်လေးက ဖုန်းချွင်နဲ့ အဆက်အသွယ်တွေအားလုံး ဖြတ်တောက်ပစ်ခဲ့ပြီး ချီမိသားစုလည်း လက်ရှောင်သွားခဲ့တယ်"
ချန်းဟုန်က ပြန်ဖြေသည်။

(Completed) Reborn as a good childWhere stories live. Discover now