Chapter《87 and 88》

11.9K 1.9K 42
                                    

Unicode

အခန်း(၈၇) - သခင်လေးပျောက်နေတယ်

ဖုရဲန်က ရပ်တန့်လိုက်ပြီး စဉ်းစားသည်။

"ကျင်းယွမ်ပြောတာ ဖြစ်နိုင်ခြေရှိတယ်" သူကခဏလောက်နေမှ ဆက်ပြောလာသည်။

"ငါတို့အားလုံးက 'အသုံးမဝင်တဲ့မြေ' ဆိုတဲ့ ခေါင်းမာတဲ့ ယူဆချက်နဲ့ ပိတ်မိနေကြတာ, အခုပြန်စဉ်းစားကြည့်လိုက်တော့မှ အနာဂတ်မှာ မြို့တော်ရဲ့ နှလုံးသားက အဲ့ဒီဘက် ရွှေ့သွားနိုင်ခြေလည်း ရှိနေတာပဲ"

"အဲဒါဆိုရင် ကျွန်တော်တို့..." ယန်က စကားစသည်။

"ကံမကောင်းစွာနဲ့, ပိုင်မိသားစုက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘူး" ဖုရဲန်က ကြားဖြတ်ပြော၏။

"အမှန်အတိုင်းပြောရရင်တော့ တောင်ဘက်ဆင်ခြေဖုံးက အရမ်းကြီးမားလွန်းတယ်, မုအုပ်စုတစ်ခုတည်း မကိုင်တွယ်နိုင်ဘူး, အကယ်၍ အန်ကယ်တို့ စမ်းသပ်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် ကျွန်တော်တို့ အတူတူ အလုပ်လုပ်ပြီး မြေတွေ လိုက်ဝယ်ထားရင်ရော? အကယ်၍ ဘာမှမဖြစ်လာခဲ့လို့ လက်ထဲက မြေတွေကို ပြန်ထုတ်ရင်တောင် အရှုံးမရှိပါဘူး, အဲ့ဒါက ဟန်ဟန်ကို ပြုံးအောင်လုပ်ပေးနိုင်တဲ့ အလောင်းအစားတစ်ခု ဖြစ်သွားမှာပဲဟာ" ကျင်းယွမ်က ပြောလာသည်။

ရွှယ်ချင်း: "..."

ဟန်ဟန်ကို ပြုံးအောင် လုပ်တာကသာ အဓိကအချက်ဖြစ်နေတာ မဟုတ်ဘူးလား?

"ကောင်းပြီလေ, စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ မင်းအဖွဲ့ကို ပြောလိုက်" ဖုရဲန်က နောက်ဆုံးတော့ ခေါင်းညိတ်ကာ သဘောတူလေသည်။

ကျင်းယွမ်ကလည်း ခေါင်းညိတ်လိုက်ပြီးမှ တစ်ဆက်တည်း မေး၏။

"ဟန်ဟန်နဲ့ ပတ်သတ်လို့ တိုးတက်မှု တစ်ခုခုများ ရှိသေးလား?"

"မရှိဘူး" ဖုရဲန်က မျက်မှောင်ကျုံကာ ပြန်ဖြေသည်။

"ချီမိသားစုက ဖုန်းချွင်နဲ့ တစ်ကြိမ် ဆက်သွယ်ဘူးတယ် ဆိုတာတစ်ခုတည်းပဲ ရှာတွေ့တယ်, အဆုံးကျတော့ အဲ့ဒါက အကုန်ပဲ...နောက်ပိုင်းမှာ သူတို့ဘာမှ ဆက်မလုပ်ကြတော့ဘူး, ငါတို့ ချီမိသားစုရဲ့ သားကို ပြန်ပြီး အကဲဖြတ်ဖို့ လိုအပ်နေပြီ, သူက ငါတို့သတိမပြုမိလောက်အောင် ဟန်ဟန်ကို တစ်ခုခုလုပ်ထားတယ်, အဲ့ဒါတောင် အခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှတွေကို ငါတို့လုံးဝ မသိနိုင်ဘူးဖြစ်နေတယ်, သူက သေချာပေါက် ရှုပ်ထွေးတဲ့လူပဲ"

(Completed) Reborn as a good childWhere stories live. Discover now