Chapter《121》

9.7K 1.6K 28
                                    

Unicode

အခန်း(၁၂၁) - ဝေချွမ်းရဲ့ အမှုကို အဆုံးသတ်ခြင်း

"အဲ့ဒါက နင့်ရဲ့ ကံတရားပဲလေ!" ထောင်ချီက စူးရှစွာ အော်ဟစ်ပြန်သည်။

"နင်တို့အားလုံးက ဒီအတိုင်း စာအုပ်ထဲက ဇာတ်ကောင်သာသာပဲ! နင့်ရဲ့ ကံကြမ္မာက အဲ့ဒီလိုပဲ ဖြစ်ရမှာ! နင်ပြောတဲ့အရာတွေ အားလုံးက ငါလုပ်ထားတာမှ မဟုတ်တာ!"

"ဟုတ်တယ်" ရိဟန်က သဘောတူသည်

"အဲ့ဒီ ကားတိုက်မှုကလွဲရင် ကျန်တာကို မင်းမလုပ်ခဲ့ဘူး, မင်းက အဲ့ဒါတွေကို ထပ်ဖြစ်လာစေဖို့ပဲ မျှော်လင့်နေခဲ့တာ, ကိစ္စတွေက မင်းဖြစ်စေချင်သလို မဖြစ်တဲ့အခါကျတော့ မင်းကိုယ်တိုင် ငါတို့အတွက် ခင်းထားတဲ့ ကံကြမ္မာလမ်းကြောင်း ဆိုတဲ့ အပေါ် တွန်းချဖို့ ကြံစည်တော့တာပဲ, အဲ့ဒီလို မဟုတ်ဘူးလား? မင်းက ငါတို့အားလုံးကို မင်းဖတ်ထားတဲ့ စာအုပ်ထဲက နာမည်တွေ သက်သက်လို့ပဲ ထင်နေတာ, ငါတို့က အသွေးနဲ့အသားနဲ့ မဟုတ်ဘူးပေါ့ , ငါတို့တွေက ခံစားချက်မရှိဘူး ဟုတ်တယ်မှတ်လား?"

"လာပြီးမစွပ်စွဲနဲ့" ထောင်ချီက မကျေမနပ်ဖြင့် ခွန်းတုန့်ပြန်သည်။

"ငါဘာမှ အမှားမလုပ်ခဲ့ဘူး, ငါနင့်ကိုပြောသားပဲ ဒါက နင့်ကံကြမ္မာပါလို့!"

ရိဟန်က ထိုစကားကြောင့် ဒေါသမထွက်ပဲ အဲ့ဒီအစား ရယ်မောမိသည်။

"ကံကြမ္မာလား? ငါလည်းမင်းကို ပြောတယ်လေ, ဇာတ်ကောင်တွေက ကံတရားပါပဲလို့, ဒီကမ္ဘာပေါ်မှာ ပြောင်းလဲမရတဲ့အရာ ဘာမှမရှိဘူး, မတူညီတဲ့ ရွေးချယ်မှုတွေက မတူညီတဲ့ ရလဒ်တွေဖြစ်သွားမှာပဲ, သေးငယ်တဲ့ လိပ်ပြာတောင်ပံ ခတ်မှုလေးကတောင် ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်စေနိုင်တယ်, ထောင်ချီ, မင်းမသိချင်ဘူးလား? ဝေချွမ်းတစ်ယောက် မကောင်းကြံစည်ဖို့ လုပ်လိုက်တဲ့ အချိန်လေးမှာ ငါဘာလို့များ ကြိုသိနေခဲ့တာလဲ ဆိုတာကို? ငါဘယ်လိုလုပ် အချိန်ကိုက်ရောက်လာပြီး သူ့ကိုတားဆီးနိုင်ခဲ့လဲ ဆိုတာလေ?"

သူ့နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားရင်း နူးညံ့စွာ ဆက်ပြောသည်။

(Completed) Reborn as a good childWhere stories live. Discover now