Chapter《214》

4.9K 863 24
                                    

Unicode

အခန်း(၂၁၄) - နောက်ထပ် မိသားစုဝင် တစ်ယောက် ထပ်ပေါင်းထည့်

"ငါက ကျွေးတဲ့လက်ကို ပြန်ကိုက်တယ်ပေါ့?" ယန်မြောင်က မေးလာသည်။

"ဒီမှာ ဘယ်သူကမှ ရှုပ်နေတဲ့လူလဲ? ငါအနိုင်ကျင့်ခံရပြီး အကူအညီ တောင်းခံဖို့ လာခဲ့တုန်းကကို ပြန်စဉ်းစားကြည့်ပါဦး။ ငါနင့်ကို ယုံခဲ့တယ် ပြီးတော့ ဘာပြန်ရခဲ့လဲ?အသေးစား စီးပွားရေးလေး တစ်ခုမှာ ဝင်ပါမိတာနဲ့ပဲ ငါ့ကို အခန်းထဲ သော့ခတ်ပိတ်ထား လိုက်တယ်လေ။ နင်က ဟဲယွမ်နဲ့ ဘာများ ခြားနားမှု ရှိလို့လဲ?"

"မင်းက အဲ့ဒါကို 'အသေးစား စီးပွားရေးလေး' လို့ သတ်မှတ်လို့ ရတယ်ပေါ့?" ယန်ချုံးက ကျယ်လောင်စွာ တုံ့ပြန်သည်။

"အဲ့ဒါက လူမဆန်တဲ့ ကုန်သွယ်မှုကွ!"

"အားချုံး, သူမကို ဒီအကြောင်းတွေ ပြောနေစရာ မလိုတော့ဘူး" လူကြီးမင်းယန်က ကြားဖြတ်ပြောသည်။

"မင်း သူမကို ပြောနိုင်မှာ မဟုတ်ဘူး။ သူမက ကိုယ့်ကိုကိုယ်ပဲ စဉ်းစားတာ။ တစ်ခြားသူတွေက သူမအတွက်တော့ လူသားမဟုတ်ဘူး။ သူတို့က အသုံးဝင်လား အသုံးမဝင်ဘူးလား ဆိုတာပဲ ခွဲခြားလို့ရတဲ့ ကုန်ပစ္စည်း သက်သက်ပဲ"

"ကြည့်ပါလား" ယန်မြောင်က ဒေါသတကြီး ပြောသည်။

"ဘာပဲဖြစ်နေပါစေ ရှင်တို့အားလုံးက ကျွန်မကိုပဲ အပြစ်တင်ကြတယ်။ အပြစ်တွေအားလုံး ကျွန်မကိုပဲ ပုံချနေကြတယ်။ ရှင်သိလား, ရှင်နဲ့ ဟဲယွမ်ကြားမှာဆို ကျွန်မက ရှင့်ကို အရွံမုန်းဆုံးပဲ! သူက ကျွန်မနဲ့ ဘာမှ မပတ်သတ်ဘူး။ သူက နှလုံးသား မဲနက်နေလို့ ကျွန်မကို အသုံးချခဲ့ယုံ သက်သက်ပဲ။ ဒါပေမဲ့ ရှင်က ကျွန်မမိသားစုလေ! ကျွန်မ ရှင့်ကို မိသားစုလို ဆက်ဆံတာပဲ။ နာကျင်တဲ့ အခါမှာ ရှင့်ဆီ အရင်ဆုံးလာတယ်။ ရှင်ကရော? ရှင်ကတော့ ကြင်နာတတ်တဲ့ မျက်နှာလေး ဆင်မြန်းပြီး ရှယ်ယာ"တွေ ပေးမယ်လို့ပဲ ပြောခဲ့တာ ဒါပေမဲ့ ပြီးတော့ ရိုးရှင်းပြီး အရေးမကြီးတဲ့ အမှားလေး တစ်ခုအတွက်နဲ့ အကုန်လုံး ပြန်ယူသွားတာပဲ!"

(Completed) Reborn as a good childWhere stories live. Discover now