Chapter《129》

9.1K 1.5K 31
                                    

Unicode

အခန်း(၁၂၉) - အထူးအမှတ်အသား

"Mr ချီ, ကျွန်တော် ခင်ဗျားအတွက် လုပ်ပေးခဲ့တာလေ" ကျောင်ဟောင်က ပိုမိုတုန်ယင်လာသည့် အသံဖြင့် ပြောသည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပေးပါ"

"မင်းက ငါ့အတွက် လုပ်ခဲ့တာလို့ ပြောရဲသေးတယ်ပေါ့လေ?" ချီမင်းယောင်က စိတ်မရှည်စွာ အပြစ်တင်သည်။

"ဒီနေ့ လုပ်ခဲ့တဲ့ မင်းလုပ်ရပ် အတွက် မင်းရဲ့ဘေးကင်းမှုကို ငါအာမ မခံနိုင်ရုံတင်မဘူး ငါကိုယ်တိုင်ပါ ပြဿနာရေထဲ ဆွဲချခံခဲ့ရတာကွ! အကယ်၍ ဘယ်သူမှ မပြောဘူး ဆိုရင်တောင် မုကျင်းယွမ်က ဘယ်လိုလူမျိုးလဲ ဆိုတာ မသိဘူးလား? မင်းက ပိုင်ရိဟန်ရဲ့ ဆံပင်တစ်ချောင်းလောက်ကို ထိလိုက်တယ် ဆိုတာသာ သူသိရင် ရေနွေးပူနဲ့ ပြန်ပက်တာမပြောနဲ့ မင်းကို သေတဲ့အထိတောင် နှိပ်စက်နိုင်တယ်!"

"အဲ့ဒီလောက်တော့ မဆိုးလောက်ပါဘူးနော် ဟုတ်တယ်မှတ်လား?" ကျောက်ဟောင်က ဗလုံးဗထွေးဖြစ်နေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ပိုင်သခင်ငယ်လေးလည်း ဒဏ်ရာမှ မရတာလေ...."

"နဂါးတိုင်းမှာ အမျက်ကြေးခွံဆိုတာရှိတယ်" ချီမင်းယောင်က စကားဆက်သည်။

"ထိလိုက်တာနဲ့ ဒေါသကို ခံယူရပြီပဲ, ပိုင်ရိဟန်က မုကျင်းယွမ်ရဲ့ 'အမျက်ကြေးခွံလေးပဲ' မုကျင်းယွမ်ကိုယ်တိုင်က စိတ်ထားသေးသိမ်တဲ့လူတော့မဟုတ်ဘူး, အကယ်၍ အဲ့ဒီ ဟင်းချိုပူပူတွေက သူ့ကိုရည်ရွယ်ထားခဲ့တာဆိုရင် သူက မင်းကို အာရုံမစိုက်ပဲ နေရင်နေလိမ့်မယ်, ဒါပေမဲ့ မင်းရဲ့ ပစ်မှတ်က ပိုင်ရိဟန်လေ! မင်းသူ့ကို ထိခိုက်အောင် လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား ဆုတာက အရေးမကြီးဘူး, မုကျင်းယွမ်က မင်းကို ဘယ်တော့မှ ကျိုးကြောင်းဆီလျော်မှုတွေ ပြမှာမဟုတ်ဘူး, ထပ်ပေါင်းပြောရရင် ချင်ဖုန်းကလည်း မင်းကို မျက်စိကျသွားပြီလေ"

"ကျွန်တော်ဘာလုပ်ရမလဲ?" Zhao Hao သည် မျက်ရည်များဝဲနေလေပြီ။

"ငါ့မှာ ဘာအစီအစဉ်များ ရှိဦးမှာလဲ?" တစ်ဖက်လူက ဒေါသတကြီးဖြင့် ပြန်အော်ဟစ်၏။

(Completed) Reborn as a good childWhere stories live. Discover now