Chapter《194》

5.5K 1K 17
                                    

Unicode

အခန်း(၁၉၄) - ဇနီးကို မြတ်နိုးဖို့က ကိုယ့်အပေါ်မှာပဲ မူတည်တယ်။

လူကြီးမင်းယန်က မျက်ခုံးပင့်လိုက်ပြီး တစ်ငုံသောက်ကြည့်၏။ နို့ကအမှန်ကို ချိုမြိန်လှသည်။ သူချိုတာသောက်နေတာသာ သူ့သားသိသွားရင် ပွစိပွစိပြောမှာ စိုးတာကြောင့် လူကြီးမင်းယန်က သက်သေဖျောက်တဲ့ အနေနဲ့ နို့ခွက်ကို အမြန်အဆန် အပြီးသောက်လိုက်လေသည်။

"အခုမှ နည်းနည်း ဗိုက်ဆာလာသလို ခံစားရလို့" လူကြီးမင်းယန်က သူ့ချွေးမရဲ့ မျက်လုံးအား ကြည့်ပြီး တည်ငြိမ်စွာ ပြန်ပြောလာသည်။

"နို့သောက်လည်း အဆင်ပြေပါတယ်။ မင်းရဲ့ ကြိုးစားအားထုတ်မှုကို မဖြုန်းတီးနိုင်ဘူးလေ"

ခုန်းဝန်က ခွက်အလွတ်အား အပြုံးလေးဖြင့်သာ လက်ခံယူလိူက်သည်။

ယန်မြောင်ကတော့ ခုန်းဝန်အား မထီမဲ့မြင်သာ ကြည့်နေသည်။

အပေါ်ယံတွေကို ဘယ်လို ကြီးကြီးမားမား show လုပ်ပြရမလဲပဲ ချောင်းနေတဲ့ ဉာဏ်တိမ်တဲ့မိန်းမ!

ခုန်းဝန်ကတော့ ယန်မြောင်ရဲ့ အကြည့်ကို လစ်လျူရှုထားသည်။ သူမက စက္ကူပဝါတစ်စအား ယူလိုက်ပြီး လူကြီးမင်းယန်ရဲ့ ပါးစပ်မှာ ပေနေတဲ့ နို့များကိုသာ သုတ်ပေးလိုက်လေသည်။ မကြာခင်မှာပဲ သူမရဲ့ ခင်ပွန်းသည် ပြန်ရောက်လာပြီး အနောက်မှာ ယန်ရန်နဲ့ ယိုရန်တို့ ပါလာသည်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ယန်ရန်က သူ့အဒေါ် ရောက်လာကတည်းက အသံကျယ်ကျယ်တွေကြောင့် သတိပြုမိပြီးသားပင်။ သူက သူမအနား လျှောက်လာဖို့ကို အရမ်းပျင်းနေတာ တစ်ခုတည်းသာ။ သူ့အဖေက လာရှာမှသာ သူက ယိုရန်ကိုပါ ဆွဲခေါ်ပြီး သူမဆီ လာလိုက်ခြင်းဖြစ်သည်။

"မင်း သူမကို မကြိုက်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ သူမက မင်းအဒေါ် ဖြစ်နေတုန်းပဲလေ" ယန်ချုံးက လမ်းလျှောက်နေရင်းဖြင့် ပြောလာသည်။

"သူမကမင်းအဖိုးရဲ့ သမီးလည်းဟုတ်တယ်။ အဖိုးကို မျက်နှာသာပေးမှဖြစ်မှာ မဟုတ်ရင် သူစိတ်မကောင်း ဖြစ်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခဏ တွေ့နေရတဲ့သူတွေလည်း မဟုတ်တာပဲ။ တွေ့လည်း တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက်ပဲဟာ။ သူမကို ဒီအတိုင်း လွှတ်ထားလိုက်လို့ မရဘူးလား?"

(Completed) Reborn as a good childWhere stories live. Discover now