Chapter《166》

5.8K 1.1K 28
                                    

Unicode

အခန်း(၁၆၆) - ငါကူညီမယ်

ယန်ဖေးက အတော်လေး တင်းသွားသည်။ နန့်ရှန်ရဲ့ ဓာတ်ပုံအား စိုက်ကြည့်ကာ သူမရဲ့ စကြဝဋာကြီး ပေါက်ကွဲထွက်သွားလေ၏။

"အားးး! ဒါကငါ့ကို လုံးဝ ဒေါသထွက်စေတယ်! အဲ့ဒီလူယုတ်မာက ဘယ်သူမို့လို့လဲ?"

"ပထမတော့ ငါတို့အဲ့ဒီလူကို ရှာမတွေ့ခဲ့ဘူး" ရိဟန်က ပြန်ဖြေသည်။

"သူတို့က တွဲနေကြတာလေ, အရမ်းကြီး လျှို့ဝှက်နေစရာ လိုလို့လား?ပေါ့ နောက်တော့ ကျင်းယွမ်ရဲ့ လူတွေက နန့်ရှန်ဆီ လာလည်တဲ့ ရည်းစားကို မြင်သွားကြတယ် သူတို့က အဲ့ဒီလူရဲ့ ဓာတ်ပုံကို ပို့ပေးလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ငါတို့အားလုံး သိနေတဲ့သူ ဖြစ်နေတာ, အဲ့ဒါက ငါတို့ဘာကြောင့် ရှာတွေ့လဲ ဆိုတာပဲ"

ယန်ဖေးက ရိဟန်အား ချက်ချင်းလှမ်းကြည့်သည်။

"နင်တို့နှစ်ယောက်လုံး သိနေတာလား? သူက ငါတို့အသိုင်းအဝိုင်းကပဲပေါ့? ငါ့ကို တန်းလန်းကြီး လုပ်မထားနဲ့ ဒီအတိုင်း ပြောလိုက်စမ်းပါ"

"အဲ့ဒါက ဟဲယွမ်" ရိဟန်က အသံတိုးတိုးလေးဖြင့် ပြန်ပြောလာသည်။

"အိုး....." ယန်ဖေးက ခေါင်းလေးတစ်ညိတ်ညိတ်ဖြင့် လက်ခံလိုက်သည်။ ထို့နောက်မှာတော့ ထအော်တော့လေသည်။

"ဟမ်? နင်ဘာပြောလိုက်တာ?"

ယန်ဖေးက ချက်ချင်းပင် သူမရဲ့ ထိုင်ခုံကနေ ခုန်ထမိ၏။ သူမရဲ့ မျက်လုံးများက ပန်းကန်ပြားကဲ့သို့ ပြူးကျယ်နေလေသည်။

ရိဟန်က သူမကို ကမန်းကတန်း ပြန်ဆွဲချရသည်။

"မလန့်နဲ့, ငါပြောတာ အရင်နားထောင်ဦး, ကျင်းယွမ်နဲ့ငါလည်း လန့်သွားတာပဲ, ဒီကိစ္စမှာ နန့်ရှန်ရော ယန်မိသားစုပါ ပါနေတာက အတော်လေး အလေးအနက်ထားရမယ့် ကိစ္စပဲ, ငါတို့တွေ နက်နက်နဲနဲ တူးဖော်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေပါ လုပ်ခဲ့တယ်, နန့်ရှန်ကိုပါ တီးခေါက်ကြည့်လိုက်သေးတယ်, ငါတို့ရသမျှ အချက်အလက်တွေ အားလုံး ပြုစုပြီးတဲ့အချိန်မှာ ; နန့်ရှန်ရော နင့်အဒေါ်ရော အရူးလုပ်ခံထားရတာပဲ"

(Completed) Reborn as a good childWhere stories live. Discover now