Chapter《178》

5.7K 1.1K 41
                                    

Unicode

အခန်း(၁၇၈) - ဒါက နားလည်ဖို့ အဲ့ဒီလောက်တောင် ခက်လား?

 ဟဲယွမ်က မတ်တပ်ထရပ်ပြီး ယိုရန်နားသို့ တစ်ဖြည်းဖြည်းချင်းဆီ လျှောက်လာသည်။ သူ့မျက်နှာက မဲချိတ်နေရင်းဖြင့် ပြောလာ၏။

"ငါ့ကိုမြင်တာနဲ့တင် ရွံတယ်ဟုတ်လား? မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ? ငါလက်ဖြောက် တစ်ချက်တီးတာနဲ့ ငါ့ဆီ ခစားလာမယ့် လှပတဲ့ ယောကျာ်းတွေရော မိန်းမတွေရော မရေမတွက်နိုင်ဘူး, အဲ့ဒါကိုတောင် င့ါကိုမြင်တာနဲ့ ရွံတယ်လို့ ပြောတယ်ပေါ့လေ? မင်းက ဘာအတွက် ဒီလောက် မြင့်မားချင်ယောင် ဆောင်နေရတာလဲ? အိုး, မင်းကို ငါပိုက်ဆံ တစ်ခါမှ မပေးဘူးလို့ စိတ်ဆိုးနေတာလား? အဲ့ဒါက ဂိမ်းကစားနေခဲ့တာ မို့လို့လေ, လစာ သိပ်မမြင့်တဲ့ သာမာန် white-collar အလုပ်သမား တစ်ယောက်အနေနဲ့ ငါ့မှာ ဘယ်လိုလုပ် ပိုက်ဆံအများကြီး ရှိမှာလဲ? တကယ်က ငါမင်းကို တစ်ခါမှ မပေးဘူးတာလည်း မဟုတ်ပဲနဲ့, မင်းကိုက မလိုချင်တာလေ, အိုး မဟုတ်မှ အရမ်းနည်းနေလို့လား? ဒါပေမဲ့ အခုအရာအားလုံး ပေါ်သွားပြီဆိုတော့ ပိုက်ဆံက ပြဿနာ မဟုတ်တော့ဘူး, ဘယ်လိုပဲဖြစ်ဖြစ်ပါ အကယ်၍ မင်းသာ ဆက်ပြီး မသိခဲ့ဘူးဆိုရင် ငါဘာလုပ်နိုင်မလဲဆိုတာ မင်းသိချင်မယ် မထင်ဘူး"

ယိုရန်က အံကို တင်းတင်းကြိတ်လိုက်သည်။

"ငါမင်းပိုက်ဆံလည်း ဂရုမစိုက်ဘူး မင်းကိုလည်း မလိုချင်ဘူး, ငါတစ်ယောက်တည်း နေတာ အဆင်ပြေတယ်, မင်းသာ ငါနဲ့ဝေးဝေးနေပေးသ၍ ကျေးဇူးတင်နေမိမှာပဲ!"

ဟဲယွမ်က ရယ်သည်။

"ကြည့်ရတာ ငါမင်းကို ဘာလုပ်နိုင်လဲ ဆိုတာ မင်းနားမလည်သေးဘူးထင်တယ်, ဥပမာ တစ်ခုပေးမယ်, အနည်းဆုံးတော့......." သူက ယိုရန်၏ နားနားတိုးကပ်၍ ဖြည်းညှင်းစွာ ပြောလာသည်။

"ငါ. မင်းရဲ့. တစ်ဘဝ. လုံးကို. ဖျတ်ဆီး. နိုင်တယ်"

ယိုရန်၏ ပြူးကျယ်နေသည့် မျက်လုံးများကို ကြည့်ရင်း ဟဲယွမ်၏ နှုတ်ခမ်းများက အေးစက်စက် လှောင်ပြုံးတစ်ခု အဖြစ် ကျယ်ပြန့်လာ၏။

(Completed) Reborn as a good childWhere stories live. Discover now