Chapter《96》

12.8K 1.9K 42
                                    

Unicode

အခန်း(၉၆) - ခေါင်းမာတဲ့ မာနခဲလေး

အမေက ရွှယ်ချင်းစကားကို ခေါင်းညိတ်ထောက်ခံသည်။ အကျဉ်းချုံးသုံးသပ်ပြီးနောက်မှာတော့ သူမက ဝမ်းနည်းနေသည့် ပုံစံဖြင့် ပြောလာ၏။

"ဒီလိုဆိုမှတော့ ဟန်ဟန်ပြန်ကောင်းလာတဲ့ အခါကျရင် သူသိခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ အချစ်ဆိုတာ အလိမ်အညာတစ်ခုပဲ ဆိုတာကို သိသွားပါလိမ့်မယ်, အရာအားလုံးက ဘာမှမဟုတ်ဘူး ဆိုတာကိုပေါ့, ဒါဆိုသူအရမ်း နာကျင်ရမှာ, ငါ့ကလေးလေး, ဘာလို့များ ငါသူ့နေရာမှာ အစားနာကျင်ပေးလို့မရပါလိမ့်?"

ရွှယ်ချင်း: "..."

ဒါဆိုဘာလုပ်ချင်တာလဲ?

စင်္ကြန်လမ်း၏ ထောင့်တစ်နေရာမှာ အန်တီယန်းက သူမရဲ့ မျက်လုံးထဲက မျက်ရည်များအား ပုတ်ထုတ်ဖယ်ရှားလိုက်သည်။

"ငါ့ရဲ့သနားစရာ သခင်ငယ်လေး, အမာစာတွေ စားလို့ရတာနဲ့ အန်တီက သားလေး မြန်မြန်ပြန်ကောင်းလာအောင် စားသောက်ပွဲကြီးတစ်ခု ချက်ပေးပါ့မယ်, Mr မုကလည်း သေချာပေါက် သဘောတူမှာပဲ, ဒီလိုချစ်စရာကောင်းတဲ့ သခင်ငယ်လေးကို ဘယ်သူကများ ဝမ်းနည်းပြီး နာကျင်စေရက်မှာလဲ? Mr မုက သခင်ငယ်လေးကို ဒီလောက်ချစ်တဲ့ဟာ သူ့ကိုကယ်တင်ပေးမှာပဲ ဟုတ်တယ်မှတ်လား?"

***

ရိဟန်နိုးလာတဲ့အချိန်မှာ ကျင်းယွမ်က သူ့ကိုငေးစိုက်ကြည့်ရင်း အာရုံလွင့်နေသည်။ ရိဟန်မျက်လုံးပွင့်လာတာကို နားလည်လိုက်သောအခါ ကျင်းယွမ်ရဲ့ ယခင်က ဗလာဖြစ်နေသော မျက်နှာပေါ်တွင် နွေးထွေးတဲ့အပြုံးတစ်ခု ချက်ချင်းဖြစ်ပေါ်လာပြီး သူ့နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်၏။

"နိုးလာပြီလား, ဘယ်လိုနေသေးလဲ?" ကျင်းယွမ်က နူးနူးညံ့ညံ့မေးသည်။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား?"

"အရမ်းကောင်းတယ်, တစ်ခါမှ ဒီလောက်ထိ တည်ငြိမ်အေးချမ်းတာကို မခံစားခဲ့ရဘူး" ရိဟန်က ပြန်ဖြေသည်။

သူ့နှုတ်ခမ်းပေါ်က အပြုံးလေးက ပါးချိုင့်နှစ်ခုအား ခွက်နေအောင် ဖြစ်ပေါ်နေစေ၏။ သူက လက်မြှောက်လိုက်ပြီး ကျင်းယွမ်ရဲ့ ပါးပြင်အား လှမ်းကိုင်လိုက်သည်။ လေထုထဲက အသက်ရှုမှုတိုင်းက သူ့အဆုတ်အား ချိုမြိန်မှုများ ပြည့်နှက်နေစေသည်။

(Completed) Reborn as a good childWhere stories live. Discover now