Chapter《186》

6.1K 1K 13
                                    

Unicode

အခန်း(၁၈၆) - ချီမင်းယောင်ရဲ့ ရပ်တည်ချက်

"ဒါဆို ငါတို့ သူတို့နဲ့ ရန်ဖြစ်ရမှာလား?" ရိဟန်က မေးသည်။

"ချီမင်းယောင်က ကိုယ်တို့နဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး" ကျင်းယွမ်က ပြန်ဖြေသည်။

"ဒီဆောင်းပါးတွေက ကိုယ်တို့ကို သူ့ရပ်တည်ချက်အကြောင်း သိအောင် ပြောပြရုံပဲ, သူက ကိုယ်တို့ စကားပြောလာတာကို စောင့်နေတာ"

ရိဟန်ကတော့ နားမလည်

ကျင်းယွမ်က ရိဟန်ရဲ့ လက်လေးကို ကိုင်လိုက်သည်။

"ချီမင်းယောင်က သည်းမခံတတ်တဲ့သူမျိုး ဖြစ်နိုင်ပေမယ့် သူက အရမ်းသတိထားတတ်တယ်, သူကဒီအတိုင်း ငုတ်တုတ်ထိုင်နေမှာ မဟုတ်သလိုသူ့အိမ်စာတွေကိုတောင် ကြိုလုပ်ထားဦးမှာ, နန့်ရှန့်ဘက်မှာ ကိုယ်တို့ ရှိတယ် ဆိုတာက လျှို့ဝှက်ချက်မှ မဟုတ်တာ, သူက ချူဖုန်းမင်ကို အလင်းလို အလျင်နဲ့ မြန်မြန်ဆန်ဆန်တိုက်ခိုက်ပြီး အဲ့ဒါကလည်း လျှက်စီးလက်သလို မိုးခြိမ်းသံလိုမျိုး ပြင်းထန်တယ်, ဒါပေမဲ့ နန့်ရှန်ကိုကျတော့ အပတ်စဉ်ဆောင်းပါး နည်းနည်းလောက်ပဲ ထုတ်ဝေဖို့ အမိန့်ပေးခဲ့တာ, အဲ့ဒီဆောင်းပါးတွေကလည်း ဖိနှိပ်ခံရမယ်ဆိုတာ သူသိပြီးသား, ဒါက သူ့ခံယူချက်ကို ဖော်ပြရုံသက်သက်ပဲ, တိုက်ပွဲမစပဲ ပြန်ဆုတ်ခွာတာက သူ့ပုံစံမဟုတ်ပေမယ့် အခန်းထဲကနေတော့ သူဘာသာသူ ပြန်ထွက်သွားမှာပဲ"

ရိဟန် ဒေါသဖြစ်စွာ ရယ်မိသည်။

"သူ့ကိုယ်တွင်း အင်္ဂါတွေနဲ့ အူတွေတော့ ထုံးပြီး လိမ်ကုန်ပြီဖြစ်မယ်, ဒီအတိုင်း လက်စားချေတာတောင် အဲ့ဒါနဲ့ ဆက်စပ်နေတဲ့ ကိစ္စက အများကြီး ရှိနေသေးတယ် ဆိုတော့လေ, ဒီလိုမျိုးကြီး နေရတာ မပင်ပန်းဘူးလား မသိဘူး? ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီ မူကြမ်းတွေ ထုတ်ဝေခွင့် မရလောက်ဘူးဆိုတာ သူဘယ်လိုသိလဲ? ဆောင်းပါးတစ်ပုဒ်လောက်သာ ထွက်သွားတာနဲ့ သူက ငါတို့နဲ့ ပွင့်ပွင့်လင်းလင်း ရန်သူတွေ ဖြစ်သွားမှာလေ"

ကျင်းယွမ်က ပုခုံးတွန့်ပြပြီး ပြုံးသည်။

"သူ့ရည်ရွယ်ချက်ကို ကိုယ် ခန့်မှန်း မိသလိုပဲပေါ့, ကိုယ့်ဘက်က ဒါကို စောစော ပြင်ဆင်ထားလိမ့်မယ် ဆိုတာ သူလည်း မျှော်မှန်းထားပြီးသား ဖြစ်လိမ့်မယ်"

(Completed) Reborn as a good childWhere stories live. Discover now