Chapter《92》

12.6K 2K 69
                                    

Unicode

အခန်း(၉၂) - ဒီတစ်ခါတော့ နောင်တရစရာမရှိတော့ဘူး

စိုစွတ်တဲ့လျှာက သူ့နားရွက်အနှံ့ ပွတ်သပ်လာသောအခါ သူ့အတိတ်ဘဝက မှတ်ဉာဏ်များ ပြည့်လျှံလာသည်။ သူခံစားရသမျှက စိုစွတ်ပြီး ချောကျိနေတဲ့ ပိုးကောင်တစ်ကောင်က သူ့အရေပြားပေါ်မှာ တွားသွားနေသလိုမျိုး ပြင်းထန်လှတဲ့  စက်ဆုပ်ရွံရှာဖွယ်ကောင်းမှုပင်။ သူ့ဦးရေပြားက ထိတ်လန့်မှုကြောင့် တင်းကြပ်လာသည်။

"ထွက်သွားစမ်း!" သူက ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

ရိဟန်ရဲ့ ခန္တာကိုယ်တစ်ခုလုံး နောက်ပြန်ဆုတ်သွားသည်။ သူက သူ့အင်အားကို အလွန်အကျွံ သုံးလိုက်မိတာကြောင့် ဟန်ချက်မညီပဲ နောက်ပြန်လဲကျသွားရ၏။ သူ့ခေါင်းက ကြမ်းပြင်ဖြင့် ကျယ်လောင်စွာ ရိုတ်ခတ်မိပြီး ဖုန်းချွင်ရဲ့ လက်သီးဆုပ်ထဲမှာ သွေးစွန်းနေသည့် ဆံပင်အနည်းငယ် ကျန်ရစ်ခဲ့သည်။

ခဏတာ အံ့အားသင့်မိသွားတာကြောင့် ဖုန်းချွင်က လဲကျသွားတဲ့ ရိဟန်အား စိုက်ကြည့်နေမိပြီးမှ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလာသည်။

"မင်းက အတော်လေး ရဲရင့်သားပဲ, ဘာလဲ? ငါထိတာကို မပျော်ဘူးလား? ငါက မနှစ်မြို့စရာ ကောင်းတယ်လို့ ထင်လို့လား? ငါဘယ်လောက်ထိ ရွံ့စရာကောင်းနိုင်မလဲ ဆိုတာ မင်းကို ကြိုးစားခွင့်ပေးမယ်လေ, စိတ်မပူပါနဲ့ ငါတို့မှာ အချိန်တွေ အများကြီး ရှိနေသေးတယ်, 'အဲ့ဒီလူတွေက' ငါနဲ့ ပတ်သတ်တာတွေကို ဖျတ်ဆီးပေးထားမှာဆိုတော့ မင်းရဲ့ 'အုပ်ထိန်းသူနတ်ဘုရား' တွေက ငါ့ကိုဘယ်လိုမှ လွယ်လွယ်ကူကူ ရှာတွေ့နိုင်မှာ မဟုတ်ဘူး, သူတို့တွေ ရောက်လာခဲ့ရင်လည်း ငါပျော်ပျော်ရွှင်ရွှင်နဲ့ ဖျတ်ဆီးထားတဲ့ အလောင်းကိုပဲ ရှာတွေ့လိမ့်မယ်, ငါက ဘယ်လိုပဲဖြစ်ဖြစ် သေမှာပဲဆိုတော့ သေချာပေါက် ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရမှာပေါ့, မဟုတ်ရင် အလဟသ ဖြစ်သွားလိမ့်မယ် မဟုတ်ဘူးလား? ငါက အရမ်းကျွမ်းကျင်ပါတယ်ကွ,မင်းမသေခင်မှာ မင်းခံစားဖူးသမျှထဲ အကောင်းဆုံး အတွေ့အကြုံကို သေချာပေါက် ပေးမယ်"

(Completed) Reborn as a good childWhere stories live. Discover now