Chapter《167》

5.7K 1K 17
                                    

Unicode

အခန်း(၁၆၇) - အကြံအစည်

ရိဟန်ရဲ့ မျက်လုံးများ လင်းလက်သွားပြီး အပြုံးလေးဖြင့် ပြောလာသည်။

"ဒါအကြံကောင်းပဲ, အကယ်၍ နင့်အဘိုးသာ နန့်ရှန်ရဲ စာအုပ်တွေကို ကြိုက်သွားမယ်ဆိုရင် အဲ့ဒီလူနဲ့ ပတ်သတ်ပြီး အမြင်ကောင်းတွေ ရှိသွားမှာပဲ, ဒါဆို ဟဲယွမ်ရဲ့ အလိမ်အညာကြောင့် အလွယ်တကူ ယိုင်လဲမှာ မဟုတ်တော့ဘူး"

"ငါလည်း အဲ့ဒီလိုတွေးထားတာပဲ!" ယန်ဖေးက ထီမထင်ဟန်လေးဖြင့် ပြန်ပြောသည်။

"သူက ငါ့အဒေါ်နဲ့ နန့်ရှန်ကို ဘယ်လိုများ လိမ်လည်လှည့်ဖြားရဲရတာလဲ.....ငါသူ့ကို ဘာလုပ်နိုင်လဲ ဆိုတာ သူမြင်ရလိမ့်မယ်!"

"ပြီးတော့ အဲ့ဒါက သူ့အမှားဖြစ်ကြောင်းကို ငါတို့သူ့ကို သင်ကြားပေးပြီး တန်ဖိုးပေးချေစေရမယ်!" ရိဟန်က ထပ်ပေါင်းပြောလာ၏။

"ဟုတ်တယ်!" ယန်ဖေးက ထောက်ခံသည်။

"ကောင်းပြီ, ငါအခုပဲ ငါ့အကိုဆီပြန်ပြီး ဒီအကြောင်း သွားပြောလိုက်ဦးမယ်, စောစောပြီးလေ ပိုကောင်းလေပဲ!"

"ဒါအကြံကောင်းပဲ" ရိဟန်က ပြန်ပြောသည်။

"အိုး,နင်ဒီကို ဘယ်လိုလာလဲ? ကားမောင်းလိုင်စင် မရသေးဘူး ဟုတ်တယ်မှတ်လား?"

"ငါ့အကြီးဆုံးအကိုက ဒီကိုလိုက်ပို့ပေးတာ" ယန်ဖေးက ဖြေသည်။

"သူအခု Mr မုနဲ့ စကားသွားပြောနေတယ်, တကယ်တော့ သူတို့က တော်တော်လေး ရင်းနှီးကြတယ်တဲ့, အံ့သြဖို့ကောင်းတယ် ဟုတ်တယ်မှတ်လား? ငါတောင် မနေ့ကမှသိတာ, သူတို့က ပုံမှန်ဆိုရင် စကားသိပ်မပြောကြပဲနဲ့ကို"

ရိဟန်သည်လည်း အမှန်ပင် အံ့အားသင့်သွားတာပင်။ သူတို့က သူငယ်ချင်းကောင်းတွေဆိုတာ သူလုံးဝမသိထားဘူးလေ။

"ရင်းနှီးပုံမပေါ်တဲ့ သူငယ်ချင်း ဆက်ဆံရေးမျိုးလည်းဒီကမ္ဘာကြီးမှာ ရှိနေတာပဲ" သူမက အပြုံးလေးဖြင့် ပြောလာသည်။

"သူတို့က အပြင်ကို အတူတူသွားတာလာတာ စားတာသောက်တာ ရှားပြီး နေ့တိုင်းလည်း ပြောဆိုဆက်ဆံမှု မရှိလောက်ဘူး, ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ယောက် ဒုက္ခရောက်တာနဲ့ နောက်တစ်ယောက်က ချက်ချင်း ပေါ်လာပြီး ကူညီလိမ့်မယ်"

(Completed) Reborn as a good childWhere stories live. Discover now