Chapter《108》

11.1K 1.7K 31
                                    

Unicode

အခန်း(၁၀၈) - Hidden Dragon

ရိဟန်က ချင်အန်းအား တစ်ချက်ကြည့်ပြီးမှ ကျင်းယွမ်ဆီ ပြန်လှည့်သည်။ ထို့နောက် အပြုံးလေးတစ်ပွင့်ဖြင့် ဖန်းရီဘာမှ မပြောနိုင်ခင်မှာ ကြားဖြတ်ပြောလိုက်၏။

"အဆင်ပြေပါတယ်, သူပြောတာမှန်တယ်, အသားကင်စားတာက လူများလေ ပိုကောင်းလေပဲ, ဒါမှမဟုတ် ခင်ဗျားက ကျွန်တော့ ပိုက်ဆံအိတ်ကိုအပေါက် ဖြစ်အောင် လုပ်မိမှာ စိုးလို့လား?"

ဖန်းရီက ရှက်ရွံ့ဟန်ဖြင့် ခပ်လွင်လွင်လေး ရယ်လိုက်ပြီး ချင်အန်းကတော့ မြေကြီးအား သူ့ဖိနပ်ထိပ်ဖြင့် ထိုးနေလေသည်။

"အရာရှိဖန်း" ရိဟန်က မေးလိုက်သည်

"ခင်ဗျားက အသားကင်ကို ကြိုက်တယ်ဆိုတော့ ဘယ်နေရာက အကောင်းဆုံးလဲ ဆိုတာသိမှာပဲ, ကျွန်တော်တို့ကို လမ်းပြပေးရင်ရော?"

ခဏတာ လေးလေးနက်နက် စဉ်းစားပြီးနောက်မှာ ရဲအရာရှိက ပြန်ဖြေလာသည်။

"အနောက်ဘက် ဟွားလမ်းပေါ်မှာ ဆိုင်တစ်ဆိုင်ရှိတယ်, အရမ်းကောင်းပြီး ဈေးလည်း သင့်တင့်တယ် ဒါပေမဲ့ သီးသန့်ခန်းတော့ မရှိဘူး"

"ဒါဆိုလည်း သွားကြတာပေါ့" ရိဟန်က အပြုံးဖြင့် တုန့်ပြန်သည်။

"ကျွန်တော်တို့က အသားကင် သွားစားမှာလေ သီးသန့်ခန်းမှ မဟုတ်တာ"

ထိုတုံ့ပြန်မှုက ဖန်းရီအား အော်ဟစ်ရယ်မောမိသွားစေသည်။ မတိုင်ခင်က အနေခက် ရှက်ရွံ့မှုများလည်း ပျောက်ပျက်သွားတော့လေသည်။

ချင်အန်းက ရိဟန်အား တစ်ချက်ကြည့်ကာ ရယ်လိုက်၏။

"ငါဖန်းလေးပြောတဲ ဆိုင်ကိုသိတယ်, ငါပဲ လမ်းပြပါ့မယ်, ဖန်းလေးက ငါ့ကားပေါ်တက်"

"ဒါဆို ကျွန်တော်တို့ ကားသွားယူလိုက်ဦးမယ်" ကျင်းယွမ်က ပြောလိုက်သည်။

ထိုအမျိုးသားနှစ်ယောက် ထွက်သွားပြီးနောက်မှာ ချင်အန်းက ဖန်းရီဘက်သို့လှည့်ကာ လှုပ်လှုပ်ရွရွဖြင့် မေးလာသည်။

"အဲ့ဒါ ပိုင်မိသားစုရဲ့ တတိယသားမှတ်လား? သူက ကောလဟာလက ပြောတာနဲ့ မတူဘူးနော်"

(Completed) Reborn as a good childWhere stories live. Discover now