Chapter《55 and 56》

16.9K 2.6K 83
                                    

Unicode

အခန်း(၅၅)
သေလောက်အောင် ကြောက်သွားတယ်

ကျင်းယွမ်ကတော့ ရိဟန်နောက်ဆုံး ပင်ပန်းသွားပြီလို့ တွေးလိုက်သည်။ အပေါ်မှာ တက်ဖိထားတာအား တစ်ဖက်လူ မသက်မသာ ဖြစ်မှာကို စိုးရိမ်မိတာကြောင့် သူ့အလေးချိန်ကို ရွှေ့လိုက်သောအခါ သူက ရိဟန်ပေါ်မှာ အုပ်မိုးထားသလို ဖြစ်သွားလေသည်။ ထို့နောက်သူက သူ့နှဖူးအား ရိဟန်ရဲ့ ပုခုံးပေါ် တင်လိုက်၏။ သူ့အနေနဲ့ ထိုမှုန်မှိုင်းနေသော မျက်လုံးများကို မကြည့်ရဲပေ။

"ကိုယ်သိတယ်, အဲ့ဒါကိုယ့်အမှားပါ, မင်းက မူးနေခဲ့တာ, အသိစိတ် အပြည့်အဝ မရှိခဲ့ဘူး, ကိုယ်ကသာ မင်းကို အခွင့်အရေး ယူခဲ့တဲ့ အရှက်မရှိတဲ့ကောင်ပါကွာ, ကိုယ်မင်းကို အရမ်းလိုချင်မိသွားတာ, မင်းကိုယ့်နာမည်ကို ခေါ်လိုက်တဲ့အချိန်မှာ ကိုယ်ရူးလောက်အောင် ပျော်သွားမိတာမို့လို့ ထိန်းချုပ်မှု ပျောက်သွားမိတယ်, ကိုယ်မထိန်းနိုင်ခဲ့ဘူး, ကိုယ်...ကိုယ်.... အကုန်ကိုယ့်အမှားပါ, ဒါပေမဲ့ မင်းကတော့ မဖြစ်ဘူးလေ....., မင်းကိုယ်မင်း ဒီလိုနာကျင်အောင် လုပ်လို့မဖြစ်ဘူး... ဟန်ဟန်, ကိုယ့်ကိုအပြစ်ပေးဖို့အတွက်နဲ့ ဒီလိုလုပ်လို့မဖြစ်ဘူး......" ကျင်းယွမ်က အက်ရှကြမ်းတမ်းနေတဲ့ အသံဖြင့် ဆက်တိုက်ပြောနေသည်။

ရိဟန်က ကျင်းယွမ်ပြောသမျှ စကားလုံးတိုင်းကို နားလည်ပေမယ့် အကုန်လုံး ပေါင်းစည်းလိုက်တဲ့အခါမှာတော့ ရိဟန်မှာ လွတ်ထွက်သွားသလို ဖြစ်နေသည်။

ကျင်းယွမ်က သူ့ကိုချစ်တယ်လို့  ပြောနေတယ်, သူတို့ခံစားချက်တွေက အပြန်အလှန်ပဲလို့လည်းပြောတယ်, ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ကျင်းယွမ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သူ့အမနဲ့ စေ့စပ်မယ့်အကြောင်း ကြေညာခဲ့သေးတာလေ, အခုတော့ သူ့ကိုချစ်တယ်လို့ ပြောနေတာလား? ဒါဆို သူ့အမကရော ဘယ်လိုလုပ်မလဲ?

အကယ်၍ ကျင်းယွမ်က တကယ်ပဲ သူ့ကိုချစ်တယ်ဆိုရင် ဘာလို့ သူ့အမနဲ့ လက်ထပ်ရမှာလဲ? အရင်ဘဝတုန်းက ဘာလို့ ကျင်းယွမ်က သူ့ရဲ့ ဝန်ခံမှုကို ငြင်းဆန်ခဲ့တာလဲ? ဘာလို့ကျင်းယွမ်က သူတို့အိမ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့တာလဲ? သူအခု ထင်ယောင်ထင်မှား ဖြစ်နေတာလား? 

(Completed) Reborn as a good childWhere stories live. Discover now