Chapter《207》

5.6K 1K 32
                                    

Unicode

အခန်း(၂၀၇) - ဒါ ငါ့အိမ်

ထိုနေ့ကစပြီး ဟဲယွမ်က ဘယ်တော့မှ အိမ်ပြန်မလာခဲ့။ အိမ်တော်ထဲမှာ အိမ်စေ တစ်ယောက်မှ မရှိတာကြောင့် နေရာတစ်ခုလုံးက ညှီစို့စို့နဲ့ ရှုပ်ပွသလောင်းလန်နေသည်။ ဘယ်လိုများ ယန်မြောင်က အဲ့ဒီမှာ ဆက်ပြီး နေနိုင်မှာလဲ? သူမက ဝတ်စုံအနည်းငယ်အားယူပြီး ထိပ်တန်းအဆင့် ဟော်တယ်ခန်းတစ်ခုဆီ ပြောင်းရွှေ့သွားတော့သည်။

ထိုနေရာမှာ ရက်အနည်းငယ်သာ နေရသေးတဲ့ အချိန်မှာပဲ ယောကျာ်းဖြစ်သူကို ဟော်တယ်မှာ တွေ့လိုက်ရတယ်! သူက ရွှီးယိုရန်နဲ့ ခပ်ဆင်ဆင် တူပြီး ခါးကျဉ်ကျဉ်လေးရှိတဲ့ ကောင်ချောလေးတစ်ယောက်ကို လက်မောင်းတွေနဲ့ သိုင်းဖက်ထားတာ။ ယောကျာ်းသားနှစ်ယောက်က အချင်းချင်း ဖက်ထားကြတာလေ။ သူတို့တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ စကားစမြည်ပြောရင်း ဓာတ်လှေကားထဲက ထွက်လာတဲ့ အချိန်မှာပဲ ဟော်တယ်ခန်းထဲက ထွက်လာတဲ့ ယန်မြောင်နဲ့ မျက်နှာခြင်းဆိုင် တွေ့လေရဲ့။

ယန်မြောင်က သူတို့ကိုမြင်တော့ ဒေါသအရမ်းထွက်ပြီး သူမရဲ့ ဟန်ပန် တစ်ခုလုံး အက်ကွဲသွားရတော့တာပဲ။ Homosexuals တွေဆိုတာ သူမရဲ့ တစ်ဘဝလုံးမှာ အထင်သေးဆုံး လူတွေ။ ယန်မြောင်အတွက်တော့ သူမရဲ့ တူနှစ်ယောက်က မိသားစုရဲ့ အရှက်ရစရာတွေပဲ။ ဟဲယွမ်က သူမကို အမြဲတမ်း သဘောတူခဲ့တာ။ သူမကလည်း သူမရဲ့ ခင်ပွန်းသည်အတွက် အမြဲ ဂုဏ်ယူနေခဲ့တယ်။

ဒါပေမဲ့ သူမရဲ့ "homophobic" ခင်ပွန်းသည်က ဒီလိုမျိုး ယောကျာ်းတစ်ယောက်နဲ့ လျှောက်ကစားနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး! အရမ်းကို ရွံလွန်းလို့ နေရာမှာတင် အန်ထွက်တော့မလိုပဲ။ ဒီလူက သူတို့ လင်မယား ရန်မဖြစ်ခင်ကတည်းက တစ်ခြားယောကျာ်းသားတွေနဲ့ လိင်ဆက်ဆံမှု ရှိခဲ့နိုင်တယ် ဆိုတဲ့ အတွေးနဲ့တင် ဒီယောကျာ်းကို အသက်ရှင်ရက် အရေခွံ နွှာပစ်လိုက်ချင်တယ်။

စူးရှတဲ့ အော်ဟစ်သံ တစ်ချက်နဲ့အတူ ယန်မြောင်က သူတို့နှစ်ယောက်ဆီ ပြေးဝင်သွားပြီး ရူးသွပ်စွာပင် သူမရဲ့ လက်မောင်းများဖြင့် လွှဲရိုက်တော့၏။ ဟဲယွမ်က သူမကို မြင်ခါစမှာ အပြစ်ရှိစိတ်လေး ဝင်သွားမိသည်။ သို့သော်လည်းသူမရဲ့ လက်များက သူ့ကို ရိုက်လာတဲ့ အခါမှာတော့ ထိုအပြစ်ရှိစိတ်က ဒေါသတရားနဲ့ အစားထိုးသွားလေသည်။ သူ့မျက်နှာက အခုမှ ပြန်ကောင်းသွားတာ။ အခုတော့ ထပ်ပြီး သွေးထွက်သွားပြန်ပြီ။

(Completed) Reborn as a good childWhere stories live. Discover now