Chapter《218》

5.5K 868 21
                                    

Unicode

အခန်း(၂၁၈) - ဝိညာဉ်ကွဲကြေမတတ်

"အဲ့ဒီလောက်ထိ ပြင်းထန်တာလား?"လီကွမ်းက ထအော်မိသည်။

"အဲ့ဒီအစီအစဉ်နဲ့ ပတ်သတ်ပြီး ဆရာအရမ်း လျှိ့ဝှက်ထားတာလေ။ သူဘယ်လိုလုပ် ရှာတွေ့သွားတာလဲ?"

အခုတော့ ချီမင်းယောင်သည် သူ့လည်ပင်းမှာ ဓားတစ်ချောင်း ထောက်နေမှန်း ကောင်းကောင်း နားလည်လိုက်တာကြောင့် ပိုပြီး သက်တောင့်သက်သာ ရှိလာသည်။ ကြည့်ရတာ သူက ထိုအရာများအားလုံးကို ထုတ်ပြောရန် တစ်စုံတစ်ယောက် လိုအပ်နေတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြ၏။

"ပိုင်ရိဟန်ရဲ့ အသက်က အန္တရာယ်ရှိသွားတာလေ"ချီမင်းယောင်က ပြောလာသည်။

"မုကျင်းယွမ်က ကမ္ဘာတစ်ခုလုံးကို ရှာရမယ် ဆိုရင်တောင် ငါ့ကိုရအောင် ရှာမှာပဲ။ ပြန်ပေးဆွဲမှု ပြီးတဲ့နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုကို တစ်ခါလေးတောင် မစွန့်လွှတ်ခဲ့ဖူးဘူး။ လောကကြီးမှာ ဘယ်အရာမဆို သဲလန်စတွေ ရှိနေတာပဲ။ စုံစမ်းမှုက ဒီလောက်ရှည်ကြာနေတာကတင် အံ့ဖွယ်ဖြစ်နေပြီ။ ကောင်းပါတယ်လေ အနည်းဆုံးတော့ အရာအားလုံး အဆုံးသတ်တဲ့ အချိန်ရောက်လာတာပေါ့"

"ကျွန်တော်တို့မှာ အနိုင်ရနိင်မယ့် အခွင့်အလမ်း မရှိဘူးလား? " လီကွမ်းက သိချင်စိတ်ဖြင့် မေးလာပြန်သည်။

"အနိုင်ရဖို့လား?"

ချီမင်းယောင်က မဲ့ပြုံးဖျော့ဖျော့တစ်ခု ပြုံးလိုက်သည်။

"တောင်ပိုင်းခရိုင်တွေ ပြန်လည်ဖွဲ့စည်းမှုမတိုင်ခင်တုန်းကတောင် ငါတို့ အနိုင်ရဖို့ အခွင့်မသာခဲ့တာ အခုဆိုရင်တော့ ပြောမနေနဲ့တော့ပဲ။ ကျင်းယွမ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မင်းမမြင်ဘူးလို့လား?"

"အကယ်၍ ငါသာ ရိဟန်ကို စောစောစီးစီး  အာရုံစိုက်ခဲ့မယ်ဆိုရင် အရာအားလုံးက ခြားနားသွားလိမ့်မယ်"

သူက ဆက်လက်ပြီး ညည်းညူကာ သက်ပြင်းချလေသည်။

"ကံမကောင်းစွာနဲ့ပဲ၊ ကမ္ဘာမှာ ပြန်ကုစားဖို့ မဖြစ်နိုင်ဆုံးအရာက အချိန်ပဲလေ"

(Completed) Reborn as a good childWhere stories live. Discover now