Chapter《217》

5.3K 881 4
                                    

Unicode

အခန်း(၂၁၇) - လွတ်မြောက်ဖို့တော့ ခက်ခဲလိမ့်မယ်

ချီမင်းယောင်ရဲ့ မျက်နှာအမူအယာက ရှုံ့တွသွားပြီးနောက်မှာ ခါတိုင်းလို ထက်မြက်သော အကြည့်သို့ ပြန်ပြောင်းလဲသွားသည်။ သူက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီးနောက် မုကျင်းယွမ်အား ပြန်လှည့်ကြည့်လိုက်၏။

"ခင်ဗျားက ပိုင်သခင်လေးအပေါ်မှာ ဆက်တိုက် စောင့်ကြည့်နေတာပဲနော် Mr မု" ချီမင်းယောင်က ပြန်ပြောလာသည်။

"သူ့မှာ ကိုယ်ပိုင်နေရာတောင် မရှိဘူး။ အဲ့ဒါက သူ့ကို အသက်ရှုမကျပ်စေဘူးလား?"

"ကျွန်တော်တို့က ချစ်သူတွေ" ကျင်းယွမ်ရဲ့ မျက်နှာက မုန်တိုင်းထန်နေသည်။

"ကျွန်တော်တို့ အချင်းချင်းကြားမှာ ပုံမှန် ဘယ်လိုမျိုး ဆက်ဆံလဲဆိုတာကို ခင်ဗျားစိတ်ပူပေးစရာ မလိုဘူး။ ရိဟန်က အရမ်းကို ရင်သပ်ရှုမောစရာ ကောင်းလွန်းတော့ ကျွန်တော်က ပိုဂရုစိုက်ပေးရမှာပေါ့။ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတွေက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်ပြီး တစ်ချိန်လုံးစိတ်ရှုပ်အောင် လုပ်နေတာမျိုး မဖြစ်စေချင်ဘူး။ ချစ်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန်က အချင်းချင်း ကာကွယ်ပေးဖို့ပဲလေ မဟုတ်ဘူးလား?"

ထို့နောက် ကျင်းယွမ်က ရိဟန်ဘက် လှည့်လိုက်ပြီး နွေးထွေးစွာ လက်ဆန့်တန်းပေးလိုက်သည်။

""စားလို့ ပြီးပြီလား? အဖေက ကိုယ်တို့ကို ခေါ်နေတယ်။ သူ့မှာ ပြောစရာရှိလို့တဲ့"

ရိဟန်က ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ရပ်ကာ ကျင်းယွမ်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ခွင့်ပြုပါဦး" ကျင်းယွမ်က ချီမင်းယောင်အား ခံစားချက်မပါသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

လူနှစ်ယောက် ထွက်ခွာသွားသည့် ပုံရိပ်အား လှမ်းကြည့်ရင်းဖြင့် ချီမင်းယောင်က တစ်ဖြည်းဖြည်း ပြန်ထိုင်ချလိုက်ကာ စားပွဲပေါ်က သူ့ဝိုင်ခွက်အား ပြန်ယူလိုက်သည်။ သူက ကျန်နေသေးသည့် အနီရင့်ရင့် အရည်များအား တစ်ငုံပြီးတစ်ငုံဖြင့် အပြီးသတ်နေရင်း ရိဟန်စားပြီးလို့ တစ်ဝက်ကျန်နေသည့် အစားအသောက် ပန်းကန်အား စိုက်ကြည့်နေ၏။ ထိုလူရဲ့ အတွေးများက သူ့မျက်နှာပေါ်မှာ လုံးဝ မပေါ်နေတာကြောင့် လျှို့ဝှက်ဆန်းကြယ်နေလေသည်။

(Completed) Reborn as a good childWhere stories live. Discover now