Chapter《85 and 86》

12.7K 1.9K 30
                                    

Unicode

အခန်း(၈၅) - မင်းငါ့ကိုဒီအတိုင်းပဲ ယုံလိုက်တာလား?

ရိဟန်က စောင်ရဲ့အစွန်ဖျားလေးကို ဆွဲကိုင်လိုက်ပြီး သဘောတူဟန် အသံလေးထွက်လာသည်။ သူဘာပြောရမှန်း မသိပေ။ သူ့အရင်ဘဝတုန်းက Mr ယန်က စလုပ်ခဲ့တာဖြစ်သည်။ သူက စောစောလေး အခွင့်ကောင်းယူပြီး ရရှိနိုင်မယ့် နေရာတစ်ဝက်လောက်အား ဝယ်ယူလိုက်ခြင်းသာ။ 

အဲ့ဒီအချိန်တုန်းက ထိုနေရာကနေ ဝင်ငွေများစွာရရှိခဲ့တာကြောင့် ယန်အုပ်စုက ပိုပြီးသန်မာအာကောင်းလာခဲ့သည်။ ယန်မိသားစုကနေ ကျန်ရစ်ခဲ့သည့် အမှိုက်အကျွင်းအကျန်များသည်ပင် တကယ့် အိမ်ခြံမြေဘုရင်များ အစုလိုက်အပုံလိုက် ထွက်လာစေရန် လုံလောက်သည်။

မြို့တော်ရဲ့ အကြီးမားဆုံး မိသားစုငါးခုသည် ယန်မိသားစု၊ ပိုင်မိသားစု၊ မုမိသားစု၊ ချန်မိသားစုနှင့် ချီမိသားစုတို့ဖြစ်သည်။ အပေါ်ယံမှာတော့ များစွာကွာခြားမှု မရှိပေမယ့် တကယ်တမ်းမှာ သူတို့ထဲက တစ်ချို့က တစ်ခြားသူများထက် သန်မာအားကောင်းလှသည်။

ယန်မိသားစုက ကြီးမြတ်၍ အိုဟောင်းနေသော ဝက်သစ်ချပင်ကြီးနှင့်တူသည်။ စီးပွားရေးရော နိုင်ငံရေးမှာပါ လွှမ်းမိုးထားနိုင်တဲ့ လက်တံများစွာရှိနေသည်။ အဲ့ဒါကတင် တစ်ခြားမိသားစု လေးခုထက် များစွာသာလွန်နေပေပြီ။

ဒီလိုကြီးမားတဲ့ကိတ်အပိုင်းကြီးကို စားပြီးနောက်မှာတာ့ မြို့တော်ရဲ့ ထိပ်တန်းခွေးတစ်ကောင်အဖြစ် ခုန်တက်သွားတော့သည်လေ။ ကျင်းယွမ်ကလည်း နိုင်ငံရပ်ခြားမှာ ရှိနေတာကြောင့် မုမိသားစုက နိုင်ငံရပ်ခြားဘက်သို့ အာရုံကို ဖြည်းဖြည်းခြင်း ရွှေ့ဆိုင်းလာခဲ့သည်။

ချီခွန်းက နာမကျန်းဖြစ်နေတဲ့အခါ ချီမင်းယောင်က မကျွမ်းကျင်သေးသော လူငယ်လေးသာဖြစ်တာကြောင့် သူတို့က အားနည်းသည်။ ချန်မိသားစုသည်လည်း အမွေဆက်ခံသူကို ဆုံးရှုံးသွားခဲ့ရတာကြောင့် သူတို့သည်လည်း မတည်ငြိမ်တော့ပေ။ ထိုအချိန်မှာပဲ ပိုင်မိသားစုသည်လည်း ပြဿနာတွေ တက်နေခဲ့သည်။ ချီနဲ့ချန်မိသားစုက ပိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုများအား အလွှာလွှာယူငင်၍ သူတို့ဘာသာ လျင်မြန်စွာ ပြန်လည်တည်ဆောက်ကြသည်။ အဆုံးမှာတော့  မြို့ထဲတွင် အဓိက အင်အား သုံးဖွဲ့သာကျန်ရစ်သည်။

(Completed) Reborn as a good childWhere stories live. Discover now