Chapter《208》

5.6K 953 31
                                    

Unicode

အခန်း(၂၀၈) - အတူတူ လုပ်ကြရအောင်

ရွှီးယိုရန်သည် အခန်းတစ်ခန်းပြီးတစ်ခန်း စံအိမ်ကြီးကို စေ့စေ့စပ်စပ် လိုက်ကြည့်နေသည်။ ယန်ရန်သည် သူ့နောက်မှလိုက်ကာ အခန်းတစ်ခုစီ၏ ရည်ရွယ်ချက်အကြောင်း တီးတိုးပြောပေးနေ၏။ ယိုရန်က သူ့အတွက် သတ်မှတ်ပေးထားတဲ့ စာဖတ်ခန်းကို ဝင်သွားတာကိုမြင်တော့ ယန်ရန်က သူ့နှုတ်ခမ်းများအား ညင်သာစွာ ကိုက်လိုက်မိသည်။ သူ့ပုံစံက စာမေးပွဲရလဒ်ကို ကြေညာမှာအား စောင့်နေသည့် ကလေးတစ်ယောက်လို

ယိုရန်က တံခါးကိုတွန်းဖွင့်လိုက်သည်။ သူမြင်လိုက်ရတာက သူ့ကို ထိတ်လန့်သွားစေ၏။ စာကြည့်ခန်းထဲကို မဝင်ခင် တံခါးဝမှာ ခဏလောက် ရပ်လိုက်မိသည်။ ဤနေရာကို စာကြည့်ခန်းဟု ခေါ်ဆိုနိုင်သော်လည်း တကယ်တော့ သေးငယ်သည့် စာကြည့်တိုက်လေးတစ်ခုနှင့်တူသည်။ နံရံသုံးဘက်ဖြင့် စာအုပ်များဖြင့် ပြည့်နှက်နေသည့် မြင့်မားသော စာအုပ်စင်များရှိနေပြီး တောက်ပစွာ လင်းထင်းနေသည်။ ကြီးမားသော စင်များထဲမှ တစ်ခုသည် သူ့စိတ်ကြိုက် စာအုပ်များကို စုစည်းမှုထဲသို့ ဖြည်းညှင်းစွာ ထည့်နိုင်စေရန် လွတ်ပေးထားသေးသည်ပင်။ ဒါ့အပြင် အမြင့်ပိုင်းက စာအုပ်များဆီသို့ ရောက်နိုင်ရန် အသုံးပြုနိုင်သော လှေကားလျှောလေး တစ်ခုလည်း ရှိနေသေးသည်။

အခန်းအလယ်မှာ စားပွဲတစ်လုံးရှိနေသည်။ ၎င်းသည် အလွန်ကြီးမားပြီး အလွန်အမင်း ရှည်လျားသည့် စားပွဲများထဲက တစ်ခုပင်။ စားပွဲခုံရဲ့ အဆုံးသတ်မှာ ကွန်ပျူတာ တစ်လုံး ထားထားသည်။ ကွန်ပျူတာဘေးမှာတော့ သူတို့ စုံတွဲ ဓာတ်ပုံရှိသည်။ ခုံရဲ့ တစ်ဖက်အစွန်းကတော့ ဘာမှ မရှိပေ။ ထိုအဆုံးသတ်အား စာရေးဖို့နဲ့ ဆွဲဖို့ အသုံးပြုနိုင်သည်။

စားပွဲခုံအား သူကြိုက်နှစ်တဲ့ ပုံစံမျိုး အလှဆင်နိုင်သည်။ ယန်ရန်ရွေးချယ်ထားတဲ့ ထိုင်ခုံက နောက်မှီရှည်ရှည်နဲ့ ဆုံလည်ထိုင်ခုံပင်။ ၎င်းကို ကြည့်ရတာ အလွန်နူးညံ့ပြီး သက်တောင့်သက်သာ ရှိပုံပေါ်သည်။ ပြတင်းပေါက်နားမှာတော့ သေးငယ်သည့် စားပွဲခုံလေးတစ်ခု ထားထားသေးပြန်သည်။ ယိုရန်၏ အိမ်မှာရှိသည့် tea set နဲ့ ဆင်တူသည့် set တစ်ခုက စားပွဲခုံပေါ်မှာ တင်ထားသည်။ စားပွဲခုံဘေးမှာတော့ ထိုင်ခုံနှစ်လုံး ရှိနေ၏။

(Completed) Reborn as a good childWhere stories live. Discover now