Chapter《107》

11.2K 1.6K 34
                                    

Unicode

အခန်း(၁၀၇) - ခင်ဗျားကို Barbeque လိုက်ကျွေးမယ်

ကျင်းယွမ်က သူ့လက်များကို ဒူးပေါ်တင်လိုက်ကာ သူ့လက်ချောင်းများက ယှက်နွယ်နေသည်။

"ဖုန်းချွင်က ခုတုံးလုပ်ခံရတယ်ဆိုတာ ရှင်းနေတာပဲဟာ" သူကပြောသည်။

"တကယ့် အကြံအစည်သမားက အမှောင်ထဲကနေ ရိဟန်ကို မျက်စိဒေါက်ထောက် ကြည့်နေတုန်းပဲ, ရိဟန်က အန္တာရယ်တွေ အများကြီးရှိနေသေးတယ်, ဒီအမှုကို ဒီလိုမျိုး ပေါ့ပေါ့ဆဆ အဆုံးသတ်လိုက်ရင် တရားခံကိုပဲ ပိုပြီး ဒေါသထွက်အောင် လုပ်မိသွားမှာ"

"ကျွန်တော်လည်း အထက်ကလူတွေကို အဲ့ဒီအတိုင်း ပြောတာပါပဲ" ကပ္ပတိန်ချန်က သက်ပြင်းချသည်။

"ဒါပေမဲ့ ဒီအမှုက အရမ်းပေါက်သွားပြီး မနေ့ကလည်း လူကြီးမင်းယန်က အမှုရဲ့ တိုးတက်မှု ဖြစ်စဉ်ကို ဖုန်းဆက်မေးလာသေးတယ်, အရာရှိတွေအားလုံးက အရမ်းဖိအားများနေကြတာ"

"အကယ်၍ ဖိအားတွေ အရမ်းများနေတယ် ဆိုရင်လည်း ရဲတွေအနေနဲ့ ဒီအမှုကို ဖြေရှင်းဖို့ တတ်နိုင်သမျှ အားလုံးလုပ်ရမှာပေါ့" ကျင်းယွမ်က မကျေနပ်သည့် အပြုံးဖြင့် တုန့်ပြန်သည်။.

"ကြိုးတော့မကြိုးစားပဲနဲ့ မရေရာတဲ့ အဖြေေတွေပေးဖို့ မလုပ်နဲ့လေ, ကပ္ပတိန်ချန်း, ကျွန်တော်ခင်ဗျားကို ယုံတယ်, ဒီအမှုကို ဖြေရှင်းနိုင်ဖို့က အချိန်ပဲလိုအပ်တာပါ, ကျွန်တော်တို့ဘက်က အလျင်မလိုဘူးလေ အဲ့ဒါကို ဘာဖြစ်လို့ ခင်ဗျားရဲ့ အထက်လူကြီးတွေက ထိတ်လန့်နေရတာလဲ?"

"ကျွန်တော့အပေါ် ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Mr မု, " ကပ္ပတိန်ချန်းက ခါးသက်သက်ပြုံးလေသည်။

"ဒါပေမဲ့ အခုက ကောလဟာလတွေ အများကြီး နေရာတိုင်းမှာ ပြန့်နေပြီး နောက်ကွယ်ကလူကလည်း ပုန်းကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေပြီ, ဖုန်းချွင်က သေသွားတော့ ကျွန်တော်တို့လိုက်နေသမျှကလည်း အေးစက်ကုန်ရော, အကယ်၍ ကျွန်တော်တို့သာ တကယ့်အစစ်အမှန် နောက်ကွယ်ကလူကို ဆွဲထုတ်ချင်တယ်ဆိုရင် အချိန်တွေအများကြီး လိုအပ်တယ်, အထက်လူကြီးတွေက တကယ့်ကို လေးလေးနက်နက်နဲ့ ထပ်မစောင့်နိုင်ကြတော့ဘူး,တကယ်တော့, ကျွန်တော်လည်း ဒီအမှကို စောစောအပြီးသတ်လိုက်တာ အကောင်းဆုံးလို့ ထင်တယ်"

(Completed) Reborn as a good childWhere stories live. Discover now