Chapter《28 and 29》

16K 2.4K 38
                                    

Unicode

အခန်း(28) - Birthday Party Meeting

ကျင်းယွမ်က နောက်တစ်ဖန် ခေါင်းညိတ်ပြသည်။

"ကောင်းပြီ, ငါနေ့ကောင်းရက်သာတွေ ရွေးထားလိုက်မယ် သားတို့တစ်ခု ရွေးပေါ့, ပွဲအတွက်ရော စဉ်းစားပြီးသွားပြီလား? Hotel ဆိုရင်ရော?" အမေကပြောသည်။

"ကူညီပေးတာ ကျေးဇူးတင်ပါတယ်, ကျွန်တော်တို့ ဘယ်လောက်စဉ်းစားစဉ်းစား ဘာမှ စဉ်းစားလို့မရဘူး" ကျင်းယွမ်က ပြန်ဖြေသည်။

အမေက ကျင်းယွမ်ရဲ့မိဘတွေ မရှိတော့ဘူးဆိုတာအား သတိရသွား၏။ 

သူ့မင်္ဂလာဆောင်ကို ကူညီပေးမယ့်သူ ဘယ်သူမှ မရှိဘူး....

ထိုအတွေးကြောင့်သူမရင်တွေ နာကျင်သွားရသည်။

"ကောင်းပြီလေ" သူမကဆက်ပြောသည်။

"ငါ့ကိုသာလွှဲလိုက်, နင်တို့ကလေးတွေ အဲ့ဒါနဲ့ပတ်သတ်ပြီး အရမ်းစိတ်ပူမနေကြနဲ့တော့"

ပိုင်မိသားစုက ကျင်းယွမ်အား ညစာစားပြီးမှသာ ပြန်လွှတ်ပေးကြသည်။ ရိဟန်ကတော့ ညတာအား ဘယ်လိုကုန်ဆုံးသွားမှန်းပင် မသိလိုက်ရပေ။ တစ်လျှောက်လုံး သူက တောင့်တင်းနေမိသည်။ ညစာအတွက် ဘာစားလိုက်မိလဲပင် သူမသိလိုက်။ ကံကောင်းစွာနဲ့ လူတိုင်းက ပျော်ရွှင်စရာ ပွဲလေးကြောင့် အရမ်း အလုပ်များ နေတာကြောင့် သူ့ရဲ့ထူးဆန်းတဲ့ လုပ်ဆောင်မှုတွေကို သတိမထားမိလိုက်ကြဘူးဖြစ်သွားသည်။

ကျင်းယွမ်တစ်ယောက်တည်းသာ သူ့ကိုတစ်ချိန်လုံး အာရုံစိုက်နေတာပင်။ သို့သော်လည်း ကျင်းယွမ်က သူ့ကိုရိဟန်က စိတ်ဆိုးနေတာကြောင့် စကားမပြောချင်ဘူး ဟုသာ တွေးမိသည်။

ကျင်းယွမ်တွင် ခါးသီးမှုများ မြင့်တက်လာရသည်။

***

နောက်သုံးရက်အကြာမှာ မြို့တော်ရဲ့ ပိုင်ဆိုင်မှုများပြားသော ငါးမန်းကြီးဖြစ်သည့် လူအိုကြီးယန်, ယန်မိသားစုက သူ့ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ကိုကျင်းပလေသည်။ မိသားစုခေါင်းဆောင် ယန်ချုံးက ကြီးကျယ်လှတဲ့ အခမ်းအနားကြီးအား ယန်မိသားစုအိမ်တော်မှာ ပြုလုပ်သည်။ ဒါက လူကြီးမင်း Mr ယန်ရဲ့ မွေးနွေ့ပါတီ ဖြစ်တာကြောင့် ဘယ်သူ့ကိုမဆို ဖိတ်ကြားခံရသည်။

(Completed) Reborn as a good childWhere stories live. Discover now