Chapter《89 and 90》

12.3K 1.9K 28
                                    

Unicode

အခန်း(၈၉) - အိမ်မက်ဆိုး

လမ်းသွားလမ်းလာတစ်ဦးက အရက်မူးနေပုံရတဲ့ လူငယ်တစ်ဦးအား အနီးအနားက လမ်းကြားတစ်ခုထဲတွင် ငွေရောင် van ကားထဲထည့်ဖို့ ကူညီပေးနေတဲ့ လူအနည်းငယ်ကို တွေ့လိုက်ရသည်။ ကံမကောင်းစွာပဲ မျက်မြင်သက်သေဖြစ်သူက ဓာတ်ပုံမရိုက်လိုက်ရသလို အနီးအနားမှာလည်း စောင့်ကြည့်ကင်မရာများက အလုပ်မလုပ်ဖြစ်နေသည်။

ပိုင်နဲ့မုမိသားစုနှင့်အတူ ရဲအင်အားများက လမ်းတစ်လျှောက် ဆင်းချလာသောအခါ နောက်ဆုံးတွင် မြို့ပြင်မှာ စွန့်ပစ်ထားသည့် သူတို့ရဲ့ ပစ်မှတ် van ကားအား ရှာတွေ့သွားသည်။

၎င်းကို အလွန်ခေါင်သီတဲ့နေရာမှာ စွန့်ပစ်ခဲ့တာဖြစ်သောကြောင့် အနားမှာ ကင်မရာမရှိပေ။  van ကားကို ဘယ်သူက စွန့်ပစ်သွားတာလဲ ဒါမှမဟုတ် ဘယ်အချိန်က စွန့်ပစ်သွားတာလဲ ဆိုတာကို မြင်လိုက်တဲ့သူ ဘယ်သူမှ မရှိဘူး။ ကားရဲ့အင်ဂျင်က နွေးနေဆဲဖြစ်တာကြောင့် သူတို့ထွက်သွားတာ သိပ်မကြာသေးဘူး ဆိုတာအား ပြသနေသည်။ ဒါပေမဲ့ သူတို့ ရိဟန်ကို ဘယ်ခေါ်သွားတာလဲ? ဒါနဲ့ ပတ်သတ်ပြီး သဲလွန်စ မရှိတော့ဘူး

သဲလွန်စများ အဆုံးသတ်ခါနီးကို ဦးတည်နေသောအခါ သတင်းကြားတာကြောင့် အလျင်အမြန် ပြေးလာကြသည့် ပိုင်နဲ့မုမိသားစုများ၊ ရဲတပ်ဖွဲ့များနဲ့ ချန်ထျန်းယောင်တို့မှာ စိတ်ပျက်ကုန်ကြတော့သည်။ အံသြဖို့ကောင်းတာကတော့ လက်ထောက်တစ်ယောက်အဖြစ်သာ လိုက်လာတဲ့ ရဲသားလေးတစ်ယောက်က စေ့စပ်သေချာတဲ့သူတစ်ယောက် ဖြစ်နေပြီး တာယာတွေရဲ့ အထစ်တွေပေါ်မှာ အနီရောင် လတ်လတ်ဆတ်ဆတ် ရွှံညွှန်တစ်ချို့အား ရှာတွေ့သွားခြင်းပင်။

သူပြောပုံအရ ထိုရွှံအမျိုးအစားက မြို့တော်ရဲ့ အရှေ့ဘက်ရှိ နေရာတစ်ခုမှာသာ တွေ့ရှိနိုင်သည်။ သူက ပျော်ပါးကစားတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် ထိုနေရာကို တစ်ခေါက်ရောက်ဘူးပြီး ထိုထူးထူးခြားခြားဖြစ်နေသည့် ရွှံ့မျိုးကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ အနီရောင်က သိပ်မသိသာတာကြောင့် သေချာဂရုတစိုက် မကြည့်ဘူးဆိုရင် တစ်ခြား အညစ်အကြေးများနှင့် ခွဲခြားရခက်ခဲလှသည်။

(Completed) Reborn as a good childWhere stories live. Discover now