Chapter《177》

5.9K 1.1K 44
                                    

Unicode

အခန်း(၁၇၇) - ငါ့ကမ္ဘာထဲက ထွက်သွား

[ယန်ရန် : ပြဿနာရှိလို့လား? ဒီနေရာက ကောင်းတယ်လေ, ဒီက မြင်ကွင်းတွေနဲ့ လေထုအခြေအနေကို သဘောကျတယ်, တစ်ခြားပြောင်းဖို့ အစီအစဉ် မရှိဘူး ]

[တတိယသခင်မလေးဖေး : ဒါက အစ်ကို့ရွေးချယ်မှုပဲလေ, အဲ့ဒီမှာနေရတာ ကြိုက်ရင်လည်း နေပေါ့, အဲ့ဒီနည်းလမ်းက ပိုတောင်ကောင်းသေးတယ်, ညီမလည်း နန့်ရှန်ဆီ သွားလည်ဖို့ အခွင့်အရေး ပိုရသွားတာပေါ့!]

[မုမုရဲ့ဟန်ဟန် : လောလောဆယ် အရေးကြီးတဲ့ကိစ္စက ဟဲယွမ်နဲ့ မင်းတို့ ဒေါ်လေးကို ဖြေရှင်းဖို့ပဲ]

[တတိယသခင်မလေးဖေး : အမှန်ပဲ, ငါတို့ဒီကိစ္စကို ဒေါ်လေးဆီ လျှို့ဝှက်ထားလို့ မရဘူးလေ, အရင်တုန်းက ထုတ်မပြောဘူးဆိုတာက နန့်ရှန်ကို ကာကွယ်ပေးချင်လို့ အခုသူက ငါတို့ ကာကွယ်မှုအောက် ရောက်သွားပြီဆိုတော့ ငါတို့အဒေါ်လည်း အဲဒီအမှိုက်ကောင်ရဲ့ အရူးလုပ်တာကို ဆက်ပြီး ခံနေလို့ မဖြစ်ဘူး]

[ယန်ရန် : ငါကတော့ ဒေါ်လေးက နားမလည်မပေးမှာပဲ စိုးတယ်, ဟဲယွမ်က gay ဆိုတာရယ် သူမက cover အဖြစ် အသုံးချခံထားရတယ်ဆိုတာကို ပြောပြလို့ ရပေမယ့် ယိုရန်အကြောင်းတော့ ထုတ်ပြောလို့ မဖြစ်ဘူး, မဟုတ်ရင် သူမစိတ်နဲ့က ဒေါသတွေကို ပေါက်ကွဲ ထုတ်ပစ်မှာ, ဒါဆို ယိုရန်ကို သက်ရောက်သွားလိမ့်မယ်]

[မုမုရဲ့ဟန်ဟန် : ကျင်းယွမ်ပြောတာတော့ လူကြီးမင်းယန်ရဲ့ သဘောထားကလည်း အရေးကြီးတယ်တဲ့, တကယ်တော့လည်း မိသားစုတစ်ခုလုံးမှာ သူက အခွင့်အာဏာ အရှိဆုံးလေ, သူတစ်ယောက်ပဲ မင်းတို့အဒေါ်ကို ထိန်းချုပ်ထားနိုင်တာ, အဆိုးဆုံး အခြေအနေ ဖြစ်သွားရင် မင်းတို့အဒေါ်က နန့်ရှန်ရဲ့ တည်ရှိမှုကို သိသွားလိမ့်မယ်, အကယ်၍ လူကြီးမင်းယန်သာ ငါတို့ဘက်မှာ ရှီနေရင် သူသေချာပေါက် ငါတို့လက်ထဲက ဝှက်ဖဲ ဖြစ်ပေးမှာ]

[ယန်ရန် : Mr မုပြောတာမှန်တယ်]

[တတိယသခင်မလေးဖေး : ဟုတ်ပြီ, ငါဘိုးဘိုးကို နန့်ရှန်ရဲ့ စာအုပ်တွေ ဖတ်ဖို့ အကြံပေးပြီးနေပြီ, မနေ့ကတင် သူတစ်အုပ် ဖတ်ပြီးသွားတယ်, သူပြောတာတော့ အရေးအသားက သိပ်မဆိုးပါဘူးတဲ့]

(Completed) Reborn as a good childWhere stories live. Discover now