Chapter《6》

16.3K 2.4K 14
                                    

Unicode

အခန်း(၆) - မွေးဖွားခြင်းသည်လည်း ကျွမ်းကျင်မှုတစ်ခုပဲ

"ပုဇွန်ဆန်ပြုတ်က ပူတုန်းစားမှ ရမှာပေါ့ မဟုတ်ရင်ညှီလိမ့်မယ် ဒါကအေးနေပြီဆိုတော့ အမေသွားပြီး နောက်တစ်ပန်းကန် ယူလာခဲ့မယ်"

အမေကပြောလိုက်သည်။

ရိဟန်ကပြုံးပြီးသာ ပြန်ဖြေလိုက်လေ၏။

"အဆင်ပြေပါတယ် နွေးနေတုန်းပဲလေ... မဖြုန်းတီးပါနဲ့ ဒါကအရသာရှိတယ်"

ပြောရင်းဖြင့်ပင်သူက နောက်တစ်ဇွန်း ထပ်စားလိုက်သည်။ ဆန်ပြုတ်၏ မွှေးရနံ့က သူ့ပါးစပ်ထဲ ဝင်လာခဲ့ပြီး ပျော်ရွှင်စွာဖြင့် မျက်လုံးလေးကို မှိတ်ထားလိုက်မိလေသည်။ ဒီလိုအရသာရှိတဲ့ အစားအစာမျိုး မစားခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ?

သူကော်ဖီဆိုင်မှာ အလုပ်လုပ်ခဲ့တုန်းက ဈေးပေါတဲ့ အသင့်စား အစားအသောက် များကိုသာ စားနိုင်ခဲ့ပြီး အလုပ်ကိုသွားတာ နောက်မကျစေရန်လည်း အလျင်အမြန် စားသောက်ခဲ့ရသည်။

သူပထမဆုံးစပြီး စားခဲ့တုန်းကဆို မျိချလို့ပင်မရနိုင်ခဲ့ပေ။ ဒါကလူတွေ စားလို့ရတဲ့ အစားအသောက်မှ ဟုတ်ရဲ့လား လို့တောင်ခံစားခဲ့ရသည်။ သို့သော်လည်း စကားပုံတွေက တကယ်မှန်သည်။ အကျင့်ဆိုးများအားလုံးကို အလွန်အကျွံ စားသောက်ခြင်းမှတစ်ဆင့် ဖန်တီးခဲ့ကြခြင်းသာဖြစ်သည်။ လူတစ်ယောက်ဟာ တကယ်တမ်း ဆာလောင်လာတဲ့အခါမှာ ဇီဇာကြောင်နေရန်ပင် နေရာမရှိနိုင်ပေ။ အကယ်၍ အစားအသောက်တွေက ပြန်ကြော်ဆီနဲ့ ချက်ထားတယ်ဆိုရင်တောင် စားရတာအရသာရှိလှသည်။ ဒီဆန်ပြုတ်က နည်းနည်းပဲအေးသေးတာဆိုတော့ အရင်သူစားခဲ့ရတဲ့ အရာတွေထက် အဆတစ်ထောင်ပိုလို့ အရသာရှိလှသည်ပင်။

အမေနဲ့အန်တီယန်တို့က တစ်ဦးကိုတစ်ဦး ကြည့်မိကြပြီး သူတို့ရဲ့ထိတ်လန့်နေသည့် အမူအယာက တစ်ယောက်ရဲ့ မျက်လုံးထဲမှာ တစ်ယောက်ပေါ်နေကြသည်။ ပိုင်ရိဟန်က လူတိုင်းရဲ့ ချစ်ခင်မြတ်နိုးမှုကိုခံပြီး ကြီးပြင်းလာခဲ့သည့် ကလေးတစ်ယောက် ဖြစ်သည်။ သူကသူ့အစားအစာမှာ အမှုန်တွေပါတာနဲ့ သေချာ မချက်ပြုတ်ထားသော အစားအစာများကို မုန်းတီးသောသူတစ်ယောက်လည်းဖြစ်၏။

(Completed) Reborn as a good childWhere stories live. Discover now