Chapter《75 and 76》

15K 2.2K 123
                                    

Unicode

အခန်း(၇၅) - နောက်တစ်ခုနဲ့ ပြန်ပေးဆပ်မယ်

ရိဟန်က လန့်သွားသည်။

"ငါ....ငါအဲ့ဒီလိုလုပ်မယ်လို့ မပြောပါဘူး ဒါပေမဲ့.....ငါ့အမ, သူ....."

ကျင်းယွမ်က တိတ်ဆိတ်သွားသည်။ သူက မတ်တပ်ရပ်လိုက်ပြီး ရိဟန်ဆီမှ လှည့်ထွက်သွား၏။

"ရွှယ်ချင်းနဲ့ ကိုယ် မင်းကို အဲ့ဒီအကြောင်း ရှင်းပြပြီးပြီလေ" သူက ဝမ်းနည်းစွာ ဆက်ပြောလေသည်။

"ကိုယ်တို့ရဲ့ စေ့စပ်ပွဲက အတုအယောင်ပါလို့, အဲ့ဒါအားလုံးက ဆိုးဝါးတဲ့ အစီအစဉ်ဆိုပေမယ့် ကိုယ်မင်းကြောင့် လုပ်ခဲ့မိတာပါ! ကိုယ်တို့ မင်းကို သေသေချာချာ ရှင်းပြပြီးသွားပြီလို့ ထင်ခဲ့ပေမယ့် မင်းအခု လုပ်နေတာက....ဟန်ဟန်, မင်းနောင်တရနေတာလား? အဆင်ပြေပါတယ်, ကိုယ်မင်းကို ချစ်တာ မင်းသိတာပဲ, ကိုယ့်ကိုနာကျင်အောင် လုပ်နိုင်မယ့် အခွင့်အာဏာအားလုံးကို မင်းပိုင်ပါတယ်, မင်းဘာပဲ ဆုံးဖြတ်ပါစေ ကိုယ်လက်ခံမှာပါ, မင်းကိုယ့်ကို ဘယ်လိုပဲ ဆက်ဆံပါစေ, ကိုယ်....လက်ခံပါ့မယ်, မင်းသာပျော်ရွှင်နိုင်မယ် ဆိုရင်ပေါ့"

ရိဟန်ရဲ့ နှလုံးသားက နာကျင်မှုဖြင့် တဒိန်းဒိန်းခုန်လာသည်။ သူက အလျင်စလို မတ်တပ်ရပ်လိုက်ပြီး ဘာမှ မတွေးနိုင်သေးခင်မှာပင် ကျင်းယွမ်ရဲ့ ခါးသွယ်သွယ်အား ထိတ်လန့်တကြား ဖက်တွယ်လိုက်မိသည်။

"ကျင်းယွမ်, ငါအဲ့ဒီလို မဆိုလိုပါဘူး, ငါ-ငါလည်းမင်းကို ကြိုက်တယ်, ငါမင်းကို အကြိုက်ဆုံးပဲ, ဘယ်လိုလုပ် မင်းကိုနာကျင်စေရက်ပါ့မလဲ? အဲ့ဒါဒီအတိုင်း....ငါ့အမ, ငါ....ငါ့ကိုယ်ငါ အမြဲတမ်း သူခိုးတစ်ယောက်လိုပဲ ခံစားနေရတယ်, အဲ့ဒါကို ဘယ်လိုပြောရမလဲ မသိတော့ဘူး"

ကျင်းယွမ်ရဲ့ နှုတ်ခမ်းထောင့်က တွန့်ချိုးသွားရသည်။ သူက တစ်ဖက်ကိုလှည့်လိုက်ကာ သူ့အရပ်ကို အခွင့်ကောင်းယူ၍ ရိဟန်အား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

"ကိုယ်သိတယ်, ကိုယ်မင်းကို တွန်းအားမပေးသင့်ဘူး, အရင်ဆုံး မှားခဲ့တဲ့သူက ကိုယ်ပါ, မင်းဝမ်းနည်းအောင် ကိုယ်ဆိုးဝါးတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့မိတယ်, မင်းပေးသမျှ အပြစ်ဒဏ်တိုင်းကို ပျော်ပျော်ရွှင်ရွှင် လက်ခံပါ့မယ် " သူကသက်ပြင်းချလေသည်။

(Completed) Reborn as a good childWhere stories live. Discover now