Chapter《190》

5.9K 942 21
                                    

Unicode

အခန်း(၁၉၀) - ယန်မြောင်ရဲ့ ဖုန်းခေါ်မှု

ချူမိသားစုရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေက ချူမိသားစုကို ကျောခိုင်းသွားကြပြီး ချီမိသားစုရဲ့ တိုက်ခိုက်မှုကို စုတ်ပြတ်နေအောင် ခံရသည့်အဖြစ်သည် *ကုလားအုတ်ကျောရိုးအား ကျိုးစေသည့် ကောက်ရိုးပင်ဖြစ်သည်။ ချူမိသားစုထဲက လူတိုင်းက ချူဖုန်းမင်အား မထီမဲ့မြင် ပြုလာကြသည်။ သူတို့က သူ့ကို တော်လှန်ပုန်ကန်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုလာခဲ့သည်။

ပြင်ပကမ္ဘာရဲ့ ပေါက်ကွဲမှုများက ထိုကိစ္စမှာ ပါဝင်ပတ်သတ်နေသည့် ရွှီးယိုရန်၏ နားထဲသို့ မရောက်ခဲ့ပေ။ အခုတစ်လောမှာ သူ့စိတ်တစ်ခုလုံးက စာအုပ်အသစ်ထဲမှာသာ ဈာန်ဝင်စားနေခဲ့၏။ သဘာဝကျကျပဲ ယန်ရန်ကလည်း ဒီလို ပေါက်ကရ ကိစ္စတွေနဲ့ သူ့အာရုံကို မဖျတ်ဆီးဘူးလေ။ ဖိုးဖိုးယန်ဘက်ကနေ သူတို့ဆက်ဆံရေးကို ကိုယ်တိုင်ကြေညာချက် ထုတ်ပေးလိုက်ပြီဟုသာ ယိုရန်ကို ပြောထားသည်။

ယိုရန်က အရမ်းကို စိတ်ထဲ ထိသွားရတာကြောင့် ဖိုးဖိုးယန်အား သူ့ကျေးဇူးတင်မှုကို ဖော်ပြပေးနိုင်ရန် အပြင်ထွက်ပြီး လက်ဆောင်များစွာ ဝယ်ယူလိုက်သည်။ သူဝယ်ပေးတဲ့ လက်ဆောင်တွေက ယန်မိသားစုလို မိသားစုတစ်ခုရဲ့ အမြင်မှာ ဈေးလည်းမကြီးသလို အဖိုးလည်းမတန်ပေ။ ဒါတွေကို ဈေးပေါတယ်ဟုပင် ပြောနိုင်သည်။ သို့သော်လည်း ဖိုးဖိုးယန်ကတော့ ပျော်ရွှင်မြူးတူးနေ၏။

သူက ယိုရန်အား Go board ဆီ ဆွဲခေါ်သွားပြီး ပွဲနည်းနည်းလောက် ဆော့တော့သည်။ ကစားနေစဉ် တစ်လျှောက်လုံးမှာလည်း ယိုရန်အား တစ်ချိန်လုံး ချီးမွမ်းကာ လိမ္မာတဲ့ ကလေးလေးဟု ခေါ်နေသည်ပင်။ အခုဆို ဖိုးဖိုးယန်က ယိုရန်အား သူ့မိသားစုဝင်တစ်ခုအဖြစ် သတ်မှတ်ထားပြီးနေလေပြီ။ ဘယ်သူမှ မရှိတဲ့အချိန်ဆိုရင် ယန်ရန်က ယိုရန်နဲ့ လက်ထပ်လိုက်ခြင်းဟာ ကံကောင်းပြီး ကြီးပွားချမ်းသာတဲ့ ဖြစ်ရပ်ဖြစ်ကြောင်းပင် ယန်ဟွေအား ပြောပြနေသေးသည်။

(Completed) Reborn as a good childWhere stories live. Discover now