Chapter《158》

7.6K 1.1K 23
                                    

Unicode

အခန်း(၁၅၈) - နန့်ရှန်

ယန်ဟွေမှာတော့ သူ့ရဲ့ ရိုးရှင်းတဲ့ စကားလေးတစ်ခွန်းက သူ့ချစ်သူရဲ့ ဒေါသကို သွားစွမိမယ်လို့ မထင်လိုက်မိပေ။ သူ့ရဲ့ သိက္ခာတရား ကြီးမားပြီး ပညာရှိလှတဲ့ ချစ်သူလေးက အရမ်းကို ဒေါသထွက်နေတာကြောင့် ယန်ဟွေကိုပင် ဆဲဆိုနေလေပြီ။ ထိုလူသည်လည်း သူ့ချစ်သူက သူ့ဝေဖန်မှုနဲ့ ပတ်သတ်လို့ အတော်လေး လေးနက်နေကြောင်း ချက်ချင်းသိလိုက်သည်။

"မဟုတ်ပါဘူးကွာ, မဟုတ်ဘူး" ဟန်ဟွေက ကမန်းကတန်းနဲ့ ခွင့်လွှတ်မှုကို တောင်းခံမိသည်။

"ကိုယ်သူ့အကြောင်း မကောင်းပြောဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး, သူဘယ်လို ရင့်ကျက်လာသလဲဆိုတာကို မှတ်ချက်ပေးရုံသက်သက်ပါ, သူ့ဂုဏ်သတင်းနဲ့ ပတ်သတ်လိုတော့ ဒီအတိုင်း နားထောင်ပြီးတာနဲ့ မေ့သွားပြီရယ်, တစ်ယောက်ယောက်ကို သေသေချာချာ သိဖို့က ကောလဟာလတွေကို အခြေမခံသင့်ပဲ တခြားသူရဲ့ အပြုအမူတွေကို ကိုယ်ပိုင် မျက်လုံးနဲ့ အကဲဖြတ်သင့်တာလေ,သူက တကယ်တော့ မဆိုးပါဘူး, ဖေးဖေးက သူနဲ့ သူငယ်ချင်းဖြစ်ရလို့ ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး,  မင်းပြောသလိုပဲ သူက ဖြူစင်တဲ့လူငယ်တစ်ယောက်ပဲဟာ ကိုယ်တို့ ရဲ့ လူမှုအသိုင်းအဝိုင်းက ကြည့်လိုက်ရင်တော့ တက်မက်စရာ ကောင်းပုံပေါ်ပေမယ့် တကယ်တမ်းက မှောင်မိုက်ပြီး မဲမှောင်နေတာ, သူလိုလူမျိုးက ရွှေထက်တောင် ရှားပါးသေးတယ်, တကယ့်ကို ရှားပါးတဲ့ တွေ့ရှိမှုပဲ"

"အဲ့ဒီတော့ဖေးဖေးက သူနဲ့ သူငယ်ချင်း ဖြစ်လို့ရတယ်," ကျန်းစုက ခပ်လှောင်လှောင် ရယ်လေသည်။

"ဒါပေမဲ့ ငါကတော့ မရဘူးပေါ့?"

ယန်ဟွေက ရှက်ရွံ့စွာနဲ့ ပြုံးပြသည်။

"သေချာပေါက် ရတာပေါ့ မင်းဘယ်သူနဲ့ သူငယ်ချင်း လုပ်မလဲ ဆိုတာ မင်းရဲ့ လွတ်လပ်ခွင့်ပဲလေ, ကိုယ်ဘယ်လိုလုပ် စွက်ဖက်မှာလဲ? မင်းသူ့ကို သူငယ်ချင်းအဖြစ် တွေးထားပြီးသား ဖြစ်တဲ့အပြင် သူကလည်း မင်းကို အတော်လေး လေးစားပုံပေါ်တာ ကိုယ်သိပါတယ်, ပိုင်သခင်ငယ်လေးက မနက်စောစော မထတတ်ဘူးဆိုတာ ကိုယ်တို့ အားလုံးသိထားကြတဲ့ အကြောင်းအရာပဲလေ သူဒီလိုမျိုး မင်းရဲ့ ဖွင့်ပွဲကို စောစော လာတက်တယ် ဆိုကတည်းက အရမ်းကို ဂုဏ်ယူစရာကောင်းပြီး ကြီးကျယ်လှတဲ့ အမူအရာပါပဲ"

(Completed) Reborn as a good childWhere stories live. Discover now