Chapter《168》

6.1K 1.1K 15
                                    

Unicode

အခန်း(၁၆၈) - ကိုယ်ကတိပေးတယ်

ရိဟန် ရင်နာသွားမိသည်။ ကျင်းယွမ်က သူ့လက်ကို နောက်တစ်ခေါက် ထပ်ဆွဲဖို့ ကြိုးစားတဲ့အချိန်မှာတော့ သူအချိန်မှီ 'မရှောင်နိုင်'တော့ပေ။

"မင်းငါ့ကိုလိမ်ဖို့ မရည်ရွယ်ဘူးပေါ့လေ?" ရိဟန်က အေးစက်စက် ရယ်မောသည်။

"တမင်သက်သက် ရေအေးနဲ့ချိုးပြီး ရေစိုလက်စကြီးနဲ့ လသာဆောင်ကို သွားတယ်, ဒါတွေအားလုံးက လေအေးခံပြီး မင်းအဖျားကို တမင်သက်သက် ပိုပူပြင်းလာအောင် မသက်သာအောင် လုပ်ခဲ့တာတွေကြီးပဲ, ငါ့ထိတ်လန့်နေတာကို မြင်ရတာ မင်းသဘောကျတယ်မှတ်လား?

"မဟုတ်ပါဘူး ဟန်ဟန်" ကျင်းယွမ်က ဖြေရှင်းသည်။

"အစတုန်းက ကိုယ်တကယ်ပဲ မရည်ရွယ်ခဲ့ပါဘူး, ဘိုးဘိုးအိမ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်က တကယ်ပဲ မတော်တဆပါ, နောက်ပိုင်းမှ ယန်ဟွေက ကိုယ့်ကို ဖုန်းခေါ်လာခဲ့တာ, ကိုယ်ဖျားနေတယ်လို့ကြားတော့ ကိုယ့်ကို အကြံတစ်ခု ပေးခဲ့တယ်, သူပြောတာက အကယ်၍ မင်းကိုယ့်ကို ချစ်နေသေးတယ်ဆိုရင် မင်းနှလုံးသား နူးညံ့လာပြီး အညံခံသွားလိမ့်မယ်တဲ့, ကိုယ်တကယ်ပဲ မင်းကိုလိမ်ဖို့ မရည်ရွယ်ခဲ့ပါဘူး"

ထိုစကားကိုကြားတော့ ရိဟန်က ပြုံးတာကို ရပ်တန့်လိုက်တော့သည်။

"ဟုတ်တယ်" သူက မျက်နှာသေဖြင့် ပြောလာသည်။

"ငါမင်းကိုချစ်တယ်, ငါ့နှလုံးသားက ဒီအတိုင်း နူးညံ့သွားရုံတင်မကဘူး, သွေးထွက်တော့မလိုကို နာကျင်ခဲ့ရတာ, မင်းကျေနပ်သွားပြီလား?"

ကျင်းယွမ်ရဲ့ ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟနေသော်လည်း စကားမဆိုနိုင်

"ကိုယ်...."

"မင်းအဲ့ဒါကို ပျော်ရွှင်နေတာ ဟုတ်တယ်မှတ်လား?" ရိဟန်က ဒေါသတကြီး ပြောလာပြီး သူ့အသံက ပိုမိုကျယ်လောင်လာ၏။

"မင်းက မင်းကျန်းမာရေးကို ဟာသတစ်ခုလိုမျိုး လှည့်ပတ် ဆော့ကစားနေတယ်, ပြီးတော့ အဲ့ဒါကို အောင်မြင်တယ်လို့တောင် တွေးတယ် ဟုတ်တယ်မှတ်လား? မင်းဖျားသွားတာ တစ်လတောင်ဆိုတာ သိရဲ့လား? တစ်လလုံးကွ! တစ်ချိန်လုံး အဖျားတက်နေခဲ့တာ, တစ်လလုံးလည်း ချောင်းတစ်ဟွတ်ဟွတ် ဆိုးနေခဲ့တယ်! ကြမ်းပြင်ပေါ် ခဏလေး ထိုင်လိုက်ရုံနဲ့ ဘာလို့အဖျားပြန်တက်လာလဲ သိရဲ့လား? အဲ့ဒါ မင်းရဲ့ ကိုယ်ခံစနစ်ကို အရမ်းပျက်စီးစေလိုက်လို့ အဆိုးဆုံးထိ ဖြစ်လာတာ! တကယ်ကြီး လေးလေးနက်နက် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? ငါဘယ်လောက်တောင် ကြောက်လန့်ခဲ့ရလဲ မင်းသိရဲ့လား? ဖျားတဲ့သူကငါ့ဖြစ်ပါရစေလို့ ဘယ်လောက်တောင် ဆန္ဒရှိခဲ့ရလဲ! ဘုရားဆီမှာ မင်းဆီက အဖျားကို ငါ့ဆီကူးပေးပါလို့ ငါဘယ်နှစ်ကြိမ်လောက်တောင် ဆုတောင်းခဲ့ရလဲ သိရဲ့လား? အခုတော့ အဲ့ဒါက တမင် ရည်ရွယ်ခဲ့တာပါလို့ ငါ့ကိုလာပြောတယ်ပေါ့လေ?"

(Completed) Reborn as a good childWhere stories live. Discover now