Chapter《26 and 27》

15.7K 2.4K 159
                                    

Unicode

အခန်း(26) - အခွင့်အရေးအတွက် လောင်းကြေး

"အဲ့ဒီလိုကိစ္စမျိုးက လောင်းကြေးထပ်စရာ ဘာအကြောင်းမှ မရှိဘူး, ဖြစ်လာမှာလည်း မဟုတ်ဘူး, အကယ်၍ ဟန်ဟန်သာ ဒီကိစ္စကို သိသွားခဲ့ရင် ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"
ကျင်းယွမ်က ပြောလိုက်သည်။

"ဒါဆိုလည်း သူ့ကိုမသိစေနဲ့ပေါ့, အကယ်၍ သူသိသွားခဲ့ရင်လည်း ဒါကငါ့ရဲ့ ဆုံးဖြတ်ချက်လေ, နင်က အဲ့ဒီအတွက် အပြစ်တင်ခံရစရာမှ မရှိတာ, ငါကအရမ်းခေါင်းမာတယ်ဟ, နံရံကိုမရိုက်မိမခြင်း နောက်ပြန်လှည့်မှာ မဟုတ်ဘူး, နောက်ဆုံးခြေလှမ်းမရောက်မခြင်း လက်မလျှော့ဘူး" ရွှယ်ချင်းက ပြန်ပြောသည်။

"ငါ့စဉ်းစားပါရစေဦး" ကျင်းယွမ်က တုန့်ပြန်ပြောလိုက်ရင်းဖြင့် သူ့ရဲ့နာကျင်နေတဲ့ နှဖူးအား ပွတ်သပ်နေသည်။

သူမက သူ့လက်ကောက်ဝတ်အား လှမ်းဆုပ်ကိုင်လိုက်သည်။

"စဉ်းစားနေစရာ မလိုတော့ဘူး, အဲ့ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ, မဟုတ်ဘူးလား? အကယ်၍ နောက်ပိုင်း ငါ နောင်တရလာရင်လည်း ဒီအတိုင်း ကွာရှင်းလိုက်လို့ရတာပဲလေ, ငါက နင်ငါ့ကို ချစ်လာနိုင်တယ်ဆိုတဲ့ လောင်းကြေးအတွက် လက်ထပ်မှုကို အသုံးချမယ်, နင်ကလည်း နင့်ကောင်လေးကို ကာကွယ်ပေးဖို့ အဲဒီ နေရာကို အသုံးချလို့ရတယ်, ငါတို့နှစ်ယောက်လုံး ကိုယ်လိုချင်တာ ကိုယ်ရတာပဲဟာ လူတိုင်းပျော်ရွှင်ရလိမ့်မယ်လေ ဟုတ်ပြီလား?" သူမက မေးပြန်သည်။

ကျင်းယွမ်က ပါးစပ်ဖွင့်လိုက်ပြီး ပြန်ဖြေချင်ပေမယ့် သူမက ကြားဖြတ်ပြောလိုက်သည်။

"ငါက အရွယ်ရောက်ပြီးနေပါပြီ, ငါဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာသာသိတယ်, ငါ့ဘဝမှာ ငါ့ကိုယ်ငါ ဘယ်အရာကိုမှ နောင်တရစေမှာ မဟုတ်ဘူး, ငါမူးလည်းမမူးဘူး, အရမ်းကို သတိရှိနေတယ်, ငါ့လုပ်ရပ်အတွက် ငါတာဝန်ယူပါ့မယ်"

"နင့်ရဲ့ ငယ်ရွယ်နုပျိုမှုကို နာမည်ခံ လက်ထပ်ခြင်းနဲ့ ဖြုန်းတီးဖြစ်လိုက်တာကို တကယ်ပဲ အဲ့ဒါက နင့်အတွက် အကောင်းဆုံးလို့ ထင်လား?" သူက ထပ်မေးပြန်သည်။

(Completed) Reborn as a good childWhere stories live. Discover now