Chapter《93》

13.8K 2.1K 133
                                    

Unicode

အခန်း(၉၃) - မင်းလာပြီ

ပြန်ပေးဆွဲသူများသည် ကိစ္စတွေ ပြောင်းပြန်လန်ကုန်ပြီ ဆိုတာကို မြင်လိုက်တာကြောင့် ရှောင်အား ဆွဲခေါ်ပြီး တံခါးကိုဖွင့်ထွက်ဖို့ ကြိုးစားကြသည်။ သူတို့တွေ တံခါးနောက် မရောက်သေးခင်မှာပင် တံခါးက ကျယ်လောင်စွာ ပွင့်ထွက်သွားပြီး ရဲအဖွဲ့များနဲ့ အနက်ရောင်ဝတ် သက်တော်စောင့်များ အခန်းထဲ ဝင်လာကြ၏။ ပြန်ပေးဆွဲသူတိုင်း တစ်ယောက်ကို လူအနည်းငယ်နဲ့ ထိပ်တိုက်တွေ့ကြရပြီး အမြန်အဆန်ပင် ဖမ်းဆီးနိုင်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာ သေးငယ်တဲ့ အခန်းလေးထဲတွင် ခန္တာကိုယ်များဖြင့် ပြည့်နှက်ကုန်လေသည်။

ထို့နောက် ခြိမ်းခြောက်မှုအားလုံးကို ထိန်းချုပ်ပြီးသွားမှသာ ကျင်းယွမ်က တစ်ဖက်လှည့်ပြီး ရိဟန်ဆီပြေးသွားသည်။ အံကိုတင်းတင်းကြိတ်ထားရင်း ရိဟန်ရဲ့ လက်ကောက်ဝတ်မှ ကြိုးများကို ဂရုတစိုက် ဖြေပေးလေသည်။ လက်ရှိမှာ ထိုကြိုးများက သွေးများစိုစွတ်နေသည်။ ရိဟန်ကို ကြိုးဖြည်ပေးနေသည့် ကျင်းယွမ်ရဲ့ လက်ကောက်ဝတ်သည်ပင် သွေးများပေကျံနေသည်။ သူက ရိဟန်အား ညင်ညင်သာသာ လက်လှမ်းလိုက်ပြီး  သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်လေသည်။ ထို့နောက် သူ့နှဖူးနဲ့ ရိဟန်နှဖူးအား ထိကပ်လိုက်ရင်း သူ့ လက်မောင်းများကတော့ စတင်တုန်ယင်လာသည်။

"မင်းလာပြီ" ရိဟန်က သက်ပြင်းချသည်။ 

ကျင်းယွမ်ရဲ့ ပါးပြင်ပေါ်ကနေ မျက်ရည်များစီးကျလာပြီး ရိဟန်ရဲ့ မျက်နှာပေါ်သို့ သက်ဆင်းကုန်၏။ ကျင်းယွမ်က ညင်သာစွာ သုတ်ပေးလိုက်ပြီး တုန်ယင်နေတဲ့ အသံဖြင့်ပြောသည်။

"ကိုယ်လာပြီ, မကြောက်နဲ့တော့နော်, ဟန်ဟန်, အဆင်ပြေသွားပါပြီ, ကိုယ်မင်းကို ကာကွယ်ပေးမယ်, ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရတော့ဘူး, မကြောက်နဲ့တော့"

ချန်ထျန်းယောင်သည်လည်း ရဲများနဲ့အတူ အခန်းထဲဝင်လာသည်။ သူက လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ လူဆိုးများအား လိုက်ဖမ်းရင်းဖြင့် အလုပ်ရှုပ်နေခဲ့ခြင်းပင်။ အခုမှသာ သူ့အနေနဲ့ အထဲကို ကြည့်ချိန်ရပြီး ဖရိုဖရဲဖြစ်နေသည့် သူ့အနာဂတ် ယောက်ဖလောင်းလေးကို မြင်လိုက်ရသည်။ 

(Completed) Reborn as a good childWhere stories live. Discover now