Chapter《192》

5.4K 977 15
                                    

Unicode

အခန်း(၁၉၂) - မင်းနဲ့သူငယ်ချင်း ဖြစ်ချင်ယုံပါ

ကျင်းယွမ်က ခပ်တိုးတိုး ရယ်သည်။

"ယန်မြောင် ဒီလိုလုပ်ရဲတယ် ဆိုတာက သူ့ကိုယ်သူ အရမ်းမြင့်မြင့် မှန်းထားလို့လေ။ သူမဘက်က ဘာပဲလုပ်ပါစေ သူမရဲ့ မိသားစုက စိတ်တိုင်းကျ လုပ်ခွင့်ပေးလိမ့်မယ်လို့ပဲ တွေးထားတာမို့လို့"

"ယန်မြောင်က နေကို သူမတစ်ဦးတည်း အပေါ်မှာပဲ ထွန်းလင်းခွင့် တောင်းနေတာလား? ဒါကအရမ်းထူးဆန်းတာပဲ" ရိဟန်က မှတ်ချက်ချသည်။

"ဟုတ်သားပဲ မင်းဘာလို့ သူမအကြောင်း ဒီလောက် သိနေတာလဲ?"

ကျင်းယွမ်က ပြန်ဖြေရင်းဖြင့် သည်းမခံနိုင်တော့ပဲ ရိဟန်ရဲ့ နှာခေါင်းလေးကို ဆွဲညှစ်မိသည်။

"ရန်သူနဲ့ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း နားလည်ရင် တိုက်ပွဲတိုင်းကို အောင်နိုင်တယ်။ တစ်စုံတစ်ယောက်က မရှုံးနိမ့်ချင်ဘူးဆိုရင် ရန်သူအကြောင်း သိနေဖို့ လိုအပ်တယ်လေ။ ဟဲယွမ်က ငွေရောင်လျှာပဲရှိတဲ့ လောဘကြီးပြီး သူရဲဘောကြောင်တဲ့သူမျိုး။ ကိုယ်တို့ရဲ့ တကယ့် ရန်သူအစစ်က ယန်မြောင်ပဲ။ သူမက မင်းထင်ထားတာထက် ပိုပြီး ရက်စက်တယ်"

ရိဟန်က ခေါင်းညိတ်သည်။

"အင်း မင်းမှန်တယ်။ မင်းနဲ့ပေါင်းပြီးကတည်းက ငါ့စိတ်တွေက ပိုပိုဆိုးလာတာ"

"မင်းစိတ်တွေက ယိုယွင်းလာတာ မဟုတ်ပါဘူး" ကျင်းယွမ်က ခပ်လွင်လွင်လေး ရယ်ရင်း ဆက်ပြောသည်။

"မင်းက ဒီအတိုင်း မသုံးချင်တာ တစ်ခုပဲ။ ကိုယ်ကတော့ မင်းအဲ့ဒီလိုဖြစ်နေတာ ပျော်တယ်"

ရိဟန်ရဲ့ မျက်လုံးများ ပြူးကျယ်သွားရသည်။

"မင်းကဘာလို့ ပျော်ရတာလဲ?"

"အဓိပ္ပါယ်က မင်းကိုယ့်ကို ယုံကြည်မှု အပြည့်ရှိတယ် ဆိုတဲ့သဘောပဲလေ" ကျင်းယွမ်ရဲ့ အပြုံးက ပိုမိုနက်ရှိုင်းလာရင်း ပြန်ဖြေလေသည်။

"သေချာတာပေါ့" ရိဟန်က ချောင်းတစ်ချက် ရှင်းလိုက်၍

"မင်းမှမဟုတ်ရင် ငါက ဘယ်သူ့ကို ယုံရမှာလဲ? ကောင်းပြီ အဟမ်း, ငါအအေး သောက်တာ အရမ်းများသွားပြီ သန့်စင်ခန်း သွားလိုက်ဦးမယ်"

(Completed) Reborn as a good childWhere stories live. Discover now