Chapter《119》

9.6K 1.6K 36
                                    

Unicode

အခန်း(၁၁၉) - ခေါင်းစဉ်မရှိ

ရိဟန်က ရေကို လှုပ်ရမ်းနေရင်း ပြန်ပြောသည်။

"သောက်ကြည့်လေ သိသွားလိမ့်မယ်" ထို့နောက် ဖန်ခွက်အား ကျင်းယွမ်လက်ထဲ ထည့်ပေးလိုက်ပြီး အခန်းထဲ ပြန်လှည့်ဝင်သွားတော့လေသည်။ သွားရင်းနဲ့ပင် သူက ဆက်ပြောသွားသည်။

"အကယ်၍ သောက်ချင်တယ် ဆိုရင်လည်း ဒီအတိုင်း ပြောလိုက်ပါလား, မင်းကိုတော့ တကယ် မနိုင်ဘူး"

"မဟုတ်ဘူးလေ ဟန်ဟန်ရေ" ကျင်းယွမ်က တစ်ဖက်လူအား ရပ်တန့်သွားစေရန် သူ့လက်ကို အလျင်စလို မြှောက်လိုက်မိသည်။

"ကိုယ်....." မသောက်ချင်ဘူးလေ

ရုတ်တရက် ရိဟန်က ပြန်လှည့်ကြည့်လာ၏။ သူစကားပြောလိုက်တဲ့အချိန်မှာ သူ့သွားလေးများက ဝင်းလက်နေသည်။

"မင်းသောက်ချင်နေတယ် ဆိုမှတော့ အကုန်လုံးသာ ကုန်အောင်သောက်, ငါပင်ပင်ပန်းပန်း ရောထားရတဲ့ ပျားရည်တွေကို နည်းနည်းလေးလောက် ဖြုန်းတီးရဲရင်တော့.....ဟမ့်"

ထို့နောက် တစ်ဖက် ပြန်လှည့်သွားပြီး ဆံပင်အခြောက် ခံရန် လျှောက်သွားတော့သည်။

ကျင်းယွမ်မှာတော့ လက်ထဲမှာ ဖန်ခွက်ကို ကိုင်ထားရင်း ထိုနေရာမှာသာ ရပ်နေမိကာ သူ့မျက်နှာပေါ်မှာ ခါးသက်သက် အပြုံးတစ်ခု ရှိနေသည် ; ကြည့်ရတာ ဒီညမှာ သူအသေးလေးရဲ့ ဆူးတောင်တွေကို ထုတ်လိုက်မိပုံပဲ။ တစ်ဖက်လူက အခုဆို ဒေါသထွက်နေရာကနေ ရှက်ရွံ့အနေခက်သွားပြီ။

ထားလိုက်ပါတော့ ဒါက ပျားရည်လေး တစ်ခွက်ပဲကို ,အကုန်သောက်လိုက်ပါမယ်လေ,  အချိုမကြိုက်ဘူး ဆိုပေမယ့်လည်း တစ်ခြားဘာလုပ် နိုင်မှာမို့လို့လဲ? သူက ခပ်မိုက်မိုက်နဲ့ ချစ်စရာကောင်းအောင် လုပ်ပြတတ်တဲ့ ချစ်သူတစ်ယောက် ရှိထားတဲ့သူပဲလေ (သူလုပ်နေတာ အဲ့ဒီလိုမျိုးဆိုတာ သေချာလို့လား?)

အလုပ်ကြီးကြီး တစ်ငုံနှစ်ငုံလောက်နဲ့တင် ခွက်က အလွတ်ဖြစ်သွားသည်။ အရသာက နည်းနည်းထူးဆန်းပြီး ချိုရဲနေ၏။ ချိုလွန်းလို့ သူ့လျှာတွေတောင် ထုံသွားသလိုပဲ။ သို့ပေမယ့်လည်း ကျင်းယွမ်က ထိုအရာမျိုးကို သောက်ခဲတာကြောင့် အများကြီး မတွေးမိပေ။ သူ့အသေးလေးက သူ့ကိုစနောက်ရန်အတွက် တမင်တကာ အချိုကဲထားခြင်းဖြစ်မယ်လို့သာ တွေးမိသည်။

(Completed) Reborn as a good childWhere stories live. Discover now